DVB Logo
Home
နိုင်ငံတကာ
တောင်ကိုရီးယား အယ်ရိုစပေ့စ်စက်ရုံ၌ ပေါက်ကွဲမှုဖြစ်ပြီး ၅ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ
DVB
·
June 2, 2026
Photo: YONHAP NEWS TELEVISION / SOUTH KOREA'S MINISTRY OF EMPLOYMENT AND LABOR HANDOUT
Photo: YONHAP NEWS TELEVISION / SOUTH KOREA'S MINISTRY OF EMPLOYMENT AND LABOR HANDOUT
Donate to DVB

တောင်ကိုရီးယားနိုင်ငံ ဒဲဂျောန်မြို့မှာရှိတဲ့ ဟန်းဟွာအယ်ရိုစပေ့စ်ကုမ္ပဏီပိုင်စက်ရုံမှာ  ဇွန် ၁ ရက်က ဒုံးပျံလောင်စာ ထုတ်လုပ်မှုလိုင်းမှာ ပေါက်ကွဲမှုနဲ့ မီးလောင်မှု ဖြစ်ခဲ့လို့ လူ ၅ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မီးလောင်ဒဏ်ရာရရှိသူ တယောက် အပါအဝင် အသက်ရှင်ကျန်ရစ်သူ ၂ ယောက်ဟာ စက်ရုံထဲကနေ သူတို့ဘာသာ ရုန်းထွက်လွတ်မြောက်လာခဲ့ကြတာလို့ မီးသတ်တာဝန်ရှိသူက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

လောလောဆယ်မှာတော့ ၅ ယောက်သေဆုံးပြီး တယောက် စိုးရိမ်ရ (ပြင်းထန်) ဒဏ်ရာရကာ နောက်တယောက်ကတော့ ဒဏ်ရာအနည်းငယ်ပဲ ရရှိခဲ့တာလို့ ဒယ်ဂျွန်ယူဆောင်ခရိုင် ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ဂင်မ်ဂျူးယောန်က အတည်ပြု ပြောပါတယ်။

မီးသတ်အရာရှိတယောက်က ပေါက်ကွဲမှုကြောင့် မီးလောင်ရတာလို့ ပြောကြားခဲ့ပြီး ပေါက်ကွဲရတဲ့ အကြောင်းရင်းကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

ဟန်းဟွာ အယ်ရိုစပေ့စ်ကုမ္ပဏီရဲ့ တာဝန်ရှိသူတယောက်ရဲ့ အဆိုအရ ဒုံးပျံလောင်စာထုတ်လုပ်တဲ့ ကိရိယာတွေက ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို သန့်စင်ဖို့ ရေကို အသုံးပြုနေတုန်းမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ဒီမတော်တဆမှုနဲ့ပတ်သက်ပြီး ဟန်းဟွာ အယ်ရိုစပေ့စ်ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် (CEO) ဆွန်းဂျဲအီလ်က “ဒယ်ဂျွန်စက်ရုံ မတော်တဆမှုကြောင့် အဖိုးတန်အသက်တွေ ဆုံးရှုံးခဲ့ရသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ဦးညွှတ်တောင်းပန်ပါတယ်။ ကျနော့်အနေနဲ့ အနက်ရှိုင်းဆုံး ဝမ်းနည်း ကြေကွဲရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကုမ္ပဏီအနေနဲ့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေအတွက် လိုအပ်တဲ့ ထောက်ပံ့မှု အားလုံးကို ပေးသွားမှာဖြစ်သလို ဒဏ်ရာရရှိသူတွေ ဆေးကုသမှုနဲ့ ပြန်လည်သက်သာလာစေရေးအတွက်လည်း တာဝန်ယူမှုအပြည့်ရှိမှာဖြစ်ကြောင်း၊ မတော်တဆမှု ဖြစ်ရတဲ့ အကြောင်းရင်းမှန်ကို သိရှိနိုင်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ လည်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပြု ပြောဆိုသွားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013