DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်တွင် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သူအား ဖမ်းဆီးအမှုဖွင့်
DVB
·
May 17, 2026
Photo : အာရက္ခ မှုခင်းနှင့်ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့
Photo : အာရက္ခ မှုခင်းနှင့်ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ မိန်းကလေးငယ်တယောက် ပုန်းတမ်းဝှက်တမ်း ကစားရင်း အိမ်ရှင်က အဓမ္မပြုကျင့်တာခံရပြီး အာရက္ခတပ်တော်(AA) ရဲ့ တရားဥပ‌ဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံ‌ရေးဌာန ဒီလပ်က ဖမ်းဆီး အမှုဖွင့်လိုက်တယ်လို့ သိရပါတယ်။

မြို့မစေတီတောင်ရွာမှာ ပြီးခဲ့တဲ့ မတ်လက အသက် ၁၃ နှစ်အရွယ် မိန်းကလေးတယောက်ကို အဓမ္မကျူးလွန်ခဲ့သူကို ဒီလပ်က မေ ၉ ရက်နေ့က ဖမ်ဆီးပြီး ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်လိုက်ပြီလို့ မြို့မစေတီတောင်ရွာခံ အမျိုးသမီးတယောက်က ပြောပါတယ်။

“ဖြစ်တာက ၃ လလောက် ရှိပြီပေါ့နော်။ အခုတော့ ဒီလပ်က အမှုဖွင့်လိုက်ပြီ၊ ပြစ်ဒဏ်ချမှတ်ဖို့ပဲ ကျန်တော့တယ်။ ဒီလို မုဒိမ်းကောင်တွေကို အရှက်ရအောင်ထိ ပြစ်ဒဏ်ချမှတ်သင့်တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းက နေ့လယ် ၁၂ နာရီလောက်မှာ မိန်းကလေးငယ်ဟာ အဖော်တွေနဲ့အတူ ကစားနေရင်း သူနဲ့ နောက်အဖော်တယောက်ဟာ ဦးရွှေသန်းမောင်ရဲ့အိမ်ထဲကို ဝင်ပုန်းတာမှာ မိန်းကလေးငယ်ကို ပါးစပ်ပိတ်၊ အိမ်ထဲကို ဆွဲသွင်းပြီး အဓမ္မပြုကျင့်ခဲ့တာကို မိခင်ကို ပြန်ပြောပြခဲ့တယ်လို့ အာရက္ခ မှုခင်းနဲ့ ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့က ဆိုပါတယ်။

အဲဒီနောက် မေ ၈ ရက်မှာ မိခင်ဖြစ်သူက တိုင်ကြားလာတာကြောင့် ဒီလပ်အဖွဲ့က မေ ၉ ရက်မှာ အသက် ၅၆ နှစ်အရွယ် ဦးရွှေသန်းမောင်ကို ဖမ်းဆီးခဲ့ပြီး သူကလည်း တရားရုံးမှာ ဝန်ခံခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ရခိုင်က မြို့နယ်အများအပြားမှာ သက်ငယ်မုဒိမ်းမှုတွေ များလာသလို မသန်စွမ်းတွေပါ ကျူးလွန်ခံရလာတဲ့အတွက် အမျိုးသမီးတွေအနေနဲ့ စိတ်မလုံခြုံဖွယ် နေ့ရက်တွေကို ဖြတ်ကျော်နေရတယ်လို့ ကျောက်တော်ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။

“မိန်းမဆိုရင် ကလေးပေါက်စကအစ အပျို၊ အိမ်ထောင်သည်၊ အအိုအထိ စိတ်မချရတော့တဲ့ အခြေအနေ ဖြစ်နေပြီ။ အထူးသဖြင့် အသက် ၁ နှစ်ကနေ ၁၈ နှစ်အတွင်း ကလေးတွေဘဝက ပိုပြီး သနားဖို့ကောင်းတယ်။ လူမဆန်တဲ့လူတွေ၊ သောက်စားမူးယစ် ဆေးသုံးတဲ့သူတွေ များလာလို့ တယောက်တည်း အပြင်မသွားရဲ။ အိမ်မှာဆို တယောက်တည်း မနေရဲတော့ဘူး” လို့ ပြောပါတယ်။

အမှုအတွက် မောင်တောမြို့က တရားရုံးမှာ ဖြောင့်ချက်ရယူတာ၊ အမှုမှမျက်မြင်သက်သေတွေ တရားရုံးမှာ ကြိုတင်ထွက်ဆိုချက်ပေးတာတွေ ဆောင်ရွက်ထားပြီး ကျန်တဲ့ ဒီလပ် လုပ်ငန်းတွေကို ပြည့်စုံအောင်လုပ်ပြီးရင်  ဥပဒေအကြံပြုချက်နဲ့အညီ တရားစွဲတင်သွားမယ်လို့ အာရက္ခ မှုခင်းနဲ့ ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့က ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013