DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန်တွင် ပစ်ခတ်မှုဖြစ်၊ ရဲအရာရှိ ၃ ဦးနှင့် စစ်သွေးကြွ ၃ ဦး သေဆုံး
DVB
·
December 16, 2023
ပါကစ္စတန်တွင် ပစ်ခတ်မှုဖြစ်၊ ရဲအရာရှိ ၃ ဦးနှင့် စစ်သွေးကြွ ၃ ဦး သေဆုံး
Donate to DVB

ပါကစ္စတန်နိုင်ငံမှာ လာမယ့်နှစ်အစောပိုင်း ကျင်းပမယ့် အမျိုးသားရွေးကောက်ပွဲမတိုင်ခင် လုံခြုံရေးစိုးရိမ်မှုတွေ မြင့်တက်နေပြီး ဒီဇင်ဘာ ၁၅ ရက် အနောက်မြောက်ပိုင်း နယ်စပ်အနီး တန့်ခ်ခရိုင်မှာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ရဲအရာရှိ ၃ ဦးနဲ့ စစ်သွေးကြွ ၃ ဦး သေဆုံးသွားတယ်လို့ ပါကစ္စတန်ရဲတပ်ဖွဲ့က ပြောပါတယ်။ 

အာဖဂန်နစ္စတန်နဲ့ ထိစပ်နေတဲ့ ပါကစ္စတန်နိုင်ငံရဲ့ တရားဥပဒေမစိုးမိုးတဲ့ လူမျိုးစုခရိုင်တွေအနီး ဒီရာ အစ္စမေးလ် ခန်း ခရိုင်မှာ ပါကစ္စတန်စစ်သား ၂၃ ဦး သေဆုံးခဲ့တဲ့ ဒေသတွင်း စစ်သွေးကြွတိုက်ခိုက်မှုအပြီး ၂ ရက်အကြာမှာ ဖြစ်ပွားခဲ့တာပါ။ 

ဒီဇင်ဘာ ၁၅ ရက်နေ့ တိုက်ခိုက်မှုကတော့ စစ်သွေးကြွတဦးဟာ ရဲတပ်ဖွဲ့ ရုံးခန်းရဲ့ အဓိက ဝင်ပေါက်နေရာမှာ သူ့ကိုယ်သူ ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။ လူနေအိမ်ရာကိုလည်း ပိတ်ဆို့ထားလိုက်ပြီး တခြားသူတွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။ 

အန်ဆာ-အူလ်-အစ္စလာမ် လို့ သူတို့ဖာသာ အသိအမှတ်ပြုထားတဲ့ လူသိနည်း စစ်သွေးကြွအဖွဲ့တဖွဲ့ရဲ့ ပထမဆုံး တိုက်ခိုက်မှုဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 

ဒီအဖွဲ့သစ်ဟာ အစ္စလာမ္မစ်နဲ့ ဂိုဏ်းဂဏပေါင်းများစွာ ရှိနေတဲ့ အဓိက ပင်မအဖွဲ့ တယ်ရိခ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့ရဲ့ အစိတ်အပိုင်းတခု ဟုတ် မဟုတ် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ 

TTP အဖွဲ့ဟာ အစိုးရကို ဖြုတ်ချပြီးတော့ တင်းကျပ်တဲ့ အစ္စလာမ် အုပ်ချုပ်ရေးနဲ့ အစားထိုးဖို့အတွက် နိုင်ငံမှာ နှစ်ပေါင်းများစွာ တိုက်ပွဲတွေ ဆင်နွှဲနေခဲ့တာ ဖြစ်ပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013