DVB Logo
Home
နိုင်ငံတကာ
မက္ကဆီကိုမှ ရွှေ့ပြောင်းသူ ၈၈ ရာခိုင်နှုန်းက အကြမ်းဖက်မှုကြောင့်ဖြစ်ဟု စစ်တမ်းကဆို
DVB
·
December 16, 2023
မက္ကဆီကိုမှ ရွှေ့ပြောင်းသူ ၈၈ ရာခိုင်နှုန်းက အကြမ်းဖက်မှုကြောင့်ဖြစ်ဟု စစ်တမ်းကဆို
Donate to DVB

ထင်ရှားတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူတဦး လုပ်ကြံခံရပြီးတဲ့နောက် လုံခြုံရေး အကြောင်းပြချက်နဲ့ သူတို့နာမည်တွေကို ကွယ်ဝှက်ထားတဲ့ ယိုမာရာနဲ့ ကားလို့စ်တို့က သူတို့ရဲ့ လေးနှစ်အရွယ် သမီးလေး ကာလာနဲ့အတူ အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ်ဆီ နိုဝင်ဘာလ အစောပိုင်းမှာ ဖြတ်ကျော် ဝင်ရောက်လာခဲ့ပြီး အမေရိကန်နယ်စပ်သူလျှိုတွေအဖြစ် ပြောင်းလဲ လုပ်ကိုင်ခဲ့တယ်လို့ ပြောပါတယ်။

ပြည်နယ်တွေက အုပ်စုဖွဲ့ရာဇ၀တ်ဂိုဏ်းတွေကြား ရှည်လျားကြမ်းတမ်းတဲ့ ပြိုင်ဆိုင်မှုတွေနဲ့ အရင်က တည်ငြိမ်ခဲ့ပြီး အခုမှ တိုက်ပွဲပြင်းထန်လာတဲ့ နိုင်ငံရဲ့ အစိတ်အပိုင်းတွေဆီ ဂိုဏ်းချင်းကြား တိုက်ပွဲတွေ ချဲ့ထွင်လာနေမှုတွေကြောင့် မက္ကဆီကိုနိုင်ငံမှာ မိသားစုလိုက် အစုအပြုံလိုက် ပြောင်းရွှေ့မှုကို လှုံ့ဆော်ပေးနေပါတယ်။

ဒါဟာ ခေတ်သစ်သမိုင်းမှာ အကြီးမားဆုံး မိသားစုလိုက် ရွှေ့ပြောင်းအခြေချမှု ဖြစ်လာနေပါတယ်။ မက္ကဆီကို ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ခိုလှုံခွင့်ရရေး ကြိုးစားသူ ၁၈၀,၀၀၀ လောက်ဟာ မိသားစုလိုက် ခရီးသွားနေကြတာပါ။

အောက်တိုဘာလမှာ ကုန်ဆုံးတဲ့ ၁၂ လတာ ကာလအတွင်း အမေရိကန်နိုင်ငံဆီ နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူဦးရေဟာ အရင်နှစ်ထက် လေးဆ ပိုများခဲ့တယ်လို့ အမေရိကန် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေး (CBP) က သတင်း ထုတ်ပြန်ပါတယ်။

မက်ဆီကိုနိုင်ငံ စိုနိုရာကန္တာရထဲက နိုဂါလက်စ်မြို့မှာရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ခိုလှုံရေး စခန်းနဲ့ အရင်းအမြစ်ဌာနက ကောက်ယူထားတဲ့ စစ်တမ်းအရ ဒီနှစ်ထဲမှာ ရွှေ့လာတဲ့ မက်ဆီကို နိုင်ငံသား ၈၈ ရာခိုင်နှုန်းဟာ အကြမ်းဖက်မှုတွေကနေ လွတ်မြောက်အောင် ကြိုးစားခဲ့ကြတယ်လို့ ပြထားပါတယ်။

ဒါဟာ လူ ၆၇၁၀ ဦးကို မေးမြန်း စစ်တမ်းပြုစုထားတာပါ၊။ ၂၀၁၇ ခုနှစ်တုန်းက ခိနိုစစ်တမ်းကို ဖြေဆိုသူ ၇၁၄၈ ယောက်ထဲက ၈၇ ရာခိုင်နှုန်းက စီးပွားရေးကြောင့် ရွှေ့ပြောင်းတာဖြစ်ပြီး အကြမ်းဖက်မှုကြောင့် ရွှေ့ပြောင်းသူက ၂ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။

ဒီကိန်းဂဏန်းတွေဟာ ကုလသမဂ္ဂလက်အောက်ခံ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများ အစည်းအရုံး IOM ရဲ့ ၂၀၂၂ ခုနှစ် စစ်တမ်းနဲ့ နီးနီးစပ်စပ် ကိုက်ညီနေပါတယ်။

ဒီစစ်တမ်းထဲမှာ အမေရိကန်ကိုသွားဖို့ စီစဉ်ပြီး မက်ဆီကို မြောက်ပိုင်းကို ရွှေ့လာတဲ့ မက်ဆီကန်လူမျိုး အယောက် ၅၀၀ ကျော်ရဲ့ ၉၀ ရာခိုင်နှုန်းက လက်နက်ကိုင်တိုက်ပွဲတွေနဲ့  စနစ်တကျ ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ၊ အကြမ်းဖက်မှု၊ ငွေညှစ်ခြင်းတို့ကနေ ထွက်ပြေးခဲ့ကြ တယ်လို့ ဆိုထားပါတယ်။  

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013