DVB Logo
Home
မြန်မာသတင်း
ပင်လောင်းမြို့နယ်၌ စစ်ဘေးရှောင်များ သောက်သုံးရေ  အခက်ကြုံ
DVB
·
December 16, 2023
ပင်လောင်းမြို့နယ်၌ စစ်ဘေးရှောင်များ သောက်သုံးရေ  အခက်ကြုံ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ထဲကို ရောက်ရှိနေတဲ့ ကရင်နီစစ်ရှောင်တွေဟာ စားနပ်ရိက္ခာပြတ်လပ်မှုအပြင် သောက်သုံးရေ မရှိတဲ့ အခက်အခဲကြုံနေရတယ်လို့ စစ်ဘေးရှောင်အရေးအကူအညီ ပေးနေသူတွေက ပြောပါတယ်။

ပင်လောင်းမြို့နယ်ဟာ ကုန်းမြင့်ပိုင်းဒေသဖြစ်တဲ့အတွက် ရေတွင်းတူးလို့မရတာ၊ ရေသွယ်ယူလို့မ ရတာတွေဖြစ်နေပြီး စစ်ရှောင်စခန်းမှာ ရေလောင်း အိမ်သာတွေဖြစ်တဲ့အတွက် ရေလိုအပ်ချက်က များလာနေပါတယ်။

စစ်ရှောင်အရေးအကူအညီပေးနေသူ တဦးက“ရေလည်းအဆင်မပြေဘူး၊ နဂိုကတည်းက ပင်လောင်းက ရေရှားတာလေ၊ အခုစစ်ရှောင်တွေ ပါရှိလာတော့ ရေသုံးစွဲမှုကပိုလာတယ်၊ အခုဒီ မိုးဦးစစ်ရှောင်စခန်းမှာဆို လူက ၁၀၀၀ နီးနီးရှိတော့ ရေကအရမ်းလိုတယ်၊ ပင်လောင်း၊ ဆောင်းပြောင်း၊ နမ့်ဖာမူတကြောလုံးရေရှားတယ်၊ အခုဆို စစ်ရှောင်စခန်း တော်တော်များများမှာ ရေလိုတယ်၊ ဆန်လိုတယ်ပေါ့၊ အဲ့ဒါအဓိကပဲ” လို့ ပြောပါတယ်။

စစ်ဘေးတိမ်းရှောင်သူတွေဟာ ၁၀ ပီပါရှိတဲ့ ရေကားတစ်စီးကို ကျပ် ၆၀၀၀၀-၇၀၀၀၀ အထိ ဈေးကြီးပေး ဝယ်ကာသုံးစွဲနေရပြီး အလှူရှင်တွေလည်းမရှိတဲ့အတွက် ရေရှည်မှာ ဒီထက် ပိုပြီး အခြေအနေဆိုးလာမှာကို စိုးရိမ်နေကြရပါတယ်။

စစ်ရှောင်တွေဟာ ထွက်ပြေးတိမ်းရှောင်လာချိန်မှာ စားနပ်ရိက္ခာအနည်းငယ်သာ ယူဆောင်လာနိုင် တဲ့အတွက် ရက်ကြာရှည်လာတာနဲ့အမျှ စားနပ်ရိက္ခာတွေပြတ်လပ်နေပြီး သယ်ယူခွင့်ကိုလည်း စစ်ကောင်စီတပ်က ပိတ်ဆို့ ထားပါတယ်။

နိုဝင်ဘာ ၁၁ ရက်ကစပြီး ကရင်နီပူးပေါင်းတပ်တွေစတင်လိုက်တဲ့ စစ်ဆင်ရေးကြောင့် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး ဒေသခံတွေဟာ ရှမ်း-ကယားနယ်စပ်က ဖယ်ခုံ၊ ပင်လောင်း၊ ဆီဆိုင်မြို့နယ် တွေဆီကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013