DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီလေတပ်နှစ်ပတ်လည် စစ်ရေးပြအခမ်းအနားမလုပ်ဘဲ အန္တရာယ်ကင်း ပရိတ်တရားနာ
DVB
·
December 15, 2023
စစ်ကောင်စီလေတပ်နှစ်ပတ်လည် စစ်ရေးပြအခမ်းအနားမလုပ်ဘဲ အန္တရာယ်ကင်း ပရိတ်တရားနာ
Donate to DVB

ဒီနေ့ ကျရောက်တဲ့ စစ်ကောင်စီလေတပ် နှစ်ပတ်လည်နေ့မှာ စစ်ရေးပြတာတွေမလုပ်ဘဲ အန္တရာယ်ကင်း ပရိတ်တရားနာခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်တွေအရ သိရပါတယ်။

နေပြည်တော်လေတပ်စခန်းမှာ နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပရိတ်တရားနာယူပြီး ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံပရိယတ္တိ စာသင်တိုက်ဆရာ‌တော်နဲ့ သံဃာတော်‌တွေကို အရုဏ်ဆွမ်းဆက်ကပ်ခဲ့ကြတာပါ။

အဲဒီပွဲမှာ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်၊ တပ်မတော်(လေ)က အရာရှိကြီးတွေ၊ အရာရှိ၊ စစ်သည်တွေနဲ့ မိသားစုဝင်တွေ၊  ဖိတ်ကြားထားသူတွေ တက်ရောက်ကြတယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ ဖော်ပြကြပေမဲ့ လူအယောက် ၇၀ ဝန်းကျင်ပဲ ရှိတာကို တွေ့ရပါတယ်။

ပုံမှန်ဆိုရင် လေတပ်ရဲ့ နှစ်ပတ်လည်နေ့တွေမှာ မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်လေ့ရှိသလို လေယာဉ်အသစ်တွေ တပ်တော်ဝင်လေ့ရှိတာပါ။

မနှစ်ကတော့ Su-30 SME စတုတ္ထမျိုးဆက် အကြီးစား တိုက်လေယာဉ်၊ FTC 2000 G ဘက်စုံသုံးအပေါ့စားတိုက်ခိုက်ရေးလေယာဉ်နဲ့ Ka-28 ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ် စတာတွေ တပ်တော်ဝင်ခဲ့ပါတယ်။

ပြည်သူတွေကို တိုက်ခိုက်ရာမှာ စွမ်းစွမ်းတမံပါဝင်နေတဲ့ အကြမ်းဖက်လေတပ်ဟာ နှစ်ပတ်လည်ပွဲမှာ ပရိတ်တရားနာနေပေမဲ့ စစ်တပ်ဝါဒဖြန့် မြဝတီဌာနကတော့ ဗုဒ္ဓဘာသာထွန်းကားခဲ့တဲ့ မြန်မာနိုင်ငံလို့အစချီပြီး ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (Y.M.B.A) ဖွဲ့စည်းတာအပါအဝင် ၇၆ နှစ်မြောက် လေတပ်အကြောင်း ဆောင်းပါးတပုဒ် တင်ထားတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013