DVB Logo
Home
မြန်မာသတင်း
နယ်ဒေသများကို စက်သုံးဆီ သယ်ဆောင်ပါက သယ်ယူခွင့်လက်မှတ် လျှောက်ထားရမည်
DVB
·
December 15, 2023
နယ်ဒေသများကို စက်သုံးဆီ သယ်ဆောင်ပါက သယ်ယူခွင့်လက်မှတ် လျှောက်ထားရမည်
Donate to DVB

စက်သုံးဆီ သယ်ဆောင်ခွင့်လက်မှတ်(မျော) စာပါမှ  တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေကို ဆီ သယ်ယူခွင့်ပြုတော့မယ်လို့ စစ်ကောင်စီက ညွှန်ကြားချက် ထုတ်ထားကြောင်း စက်သုံးဆီ လုပ်ငန်း အသိုက်အဝန်းက သိရပါတယ်။

ဒီဇင်ဘာ ၁၄ ရက်‌က စတင်ပြီး သီလဝါ Terminal တွေကနေ  တိုင်း ဒေသကြီး နဲ့ ပြည်နယ်‌တွေဆီ စက်သုံးဆီပို့ဆောင်မယ့် ဆီတင်ယာဉ်‌တွေကို Thilawa Task Force ကနေ စက်သုံးဆီ သယ်ဆောင်ခွင့်လက်မှတ်(မျော) စာစတင်ထုတ်ပေးသွားမှာဖြစ်ပြီး ဆီသယ်ယာဉ်တွေ အနေနဲ့  Online(Viber) ကနေတဆင့် အဲဒီလက်မှတ်ကို လျှောက်ထားရမယ်လို့ အဆိုပါအဖွဲ့က ထုတ်ပြန်ထားတာပါ။

မျောစာ မပါရှိဘဲ သယ်ယူပို့ဆောင်ကြောင်း စစ်ဆေးတွေ့ရှိရပါက သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်တွေအရအရေးယူခံရမယ်လို့လည်း အဲဒီအဖွဲ့က သတိပေးထားပါတယ်။

ဆီတင်ယာဉ် (Bowser) တွေအနေနဲ့ စက်သုံးဆီသယ်ဆောင်ခွင့်လက်မှတ်(မျော)စာ လျှောက်ထားရာမှာ‌တော့ Terminal တွေက ဆီထုတ်ယူတဲ့ ပြေစာ၊ PPRD ကြီးကြပ် လက်မှတ်၊ GPS တပ်ဆင်ပြီးကြောင်း အထောက်အထား၊ ပေးပို့မယ့်အရောင်းဆိုင်ရဲ့ PPRD လိုင်စင်(မိတ္တူ) စတဲ့ စာရွက်စာတမ်းတွေ လိုအပ်မယ်လို့ သိရပါတယ်။

ဒီညွှန်ကြားချက်နဲ့ ပက်သက်ပြီး စစ်ကောင်စီဟာ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ နယ်ဒေသတွေဆီ စက်သုံးဆီ မရောက်ရှိစေဖို့အတွက် အခုလို နယ်ကျော် ဆီသယ်ယူခွင့်အပေါ် ကြပ်မတ်လာတာလို့ သုံးသပ်မူတွေလည်း ရှိနေပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့ မြို့ကြီးတွေကိုသာ ဦးစာပေး အနေနဲ့ ဆီခွဲတမ်း ချပေးနေပြီး နယ်ဒေသတွေကို ဆီဖြန့်ဖြူးပေးမူ နည်းတာကြောင့် တချို့ဒေသတွေမှာ စက်သုံးဆီ ရှားပါးပြီး ဈေးနှုန်းမြင့်တက်နေတယ်လို့ စက်သုံးဆီ လုပ်ငန်းအသိုက်အဝန်းက သိရပါတယ်။

‌"နယ်တွေကို မျောစာပါမှ သယ်ယူခွင့် ပေးမယ်ဆိုတဲ့ စာထုတ်ထားတယ်။ ခုချိန်က ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ပဲ ဆီခွဲတမ်းအပြည့်ရပြီး နယ်တွေမှာ ဆီပြတ်သလောက်ဖြစ်နေတာ။ ဒီလိုမျိုး ပိုကြပ်မတ်လိုက်တော့ နယ်တွေမှာ ပိုအဆင်မပြေ ဖြစ်ကုန်မယ်" လို့ အသေးစား စက်သုံးဆီ အရောင်းဆိုင် လုပ်ငန်းရှင်တဦးက ပြောပါတယ်။

လက်ရှိ ရန်ကုန်တိုင်းအတွင်းမှာတော့ ဆီရရှိဖို့အတွက် တန်းစီ‌နေတဲ့ ယာဉ်ကားတန်း  အရေအတွက် တဖြည်းဖြည်း လျော့နည်းလာပေမယ့်  လုပ်ငန်းသုံးအတွက် ပုံး၊ ပေပါတို့နဲ့ စက်သုံးဆီ ဝယ်ယူတာတွေကိုတော့ ဆီဆိုင်တွေက  ကန့်သတ်ထားဆဲပဲလို့ သိရပါတယ်။

ရန်ကုန်မြို့ခံ စီးပွားရေး လုပ်ငန်းရှင်တဦးက "လုပ်ငန်းသုံးအတွက် ပုံး၊ ပေပါနဲ့ ဘယ်မှာမှ ဝယ်မရဘူး။ အဲတော့ ကားနဲ့ တန်းစီဝယ် ကားထဲက ပြန်ထုတ်ပြီး သုံးရတဲ့သူတွေရှိတယ်။ တချို့ကျ‌တော့လည်း ထောက်ခံစာလုပ်ပြီး ဆီဝယ်နေရတယ်" လို့ ပြောပါတယ်။

လက်ရှိက ဆီရှားပါးပြီး လိုသလောက်ဝယ်ယူရ ခက်နေဆဲ ကာလဖြစ်သလို လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုတွေကလည်း အခုရက်ပိုင်းအတွင်း ပိုများလာပါတယ်။

ဒါ့အပြင် လယ်တွေ စပါးရိတ်ချိန်၊ စိုက်ပျိုးချိန် ရောက်နေပေမဲ့လည်း စက်သုံးဆီ ဝယ်ယူရခက်ပြီး ဈေးမြင့်နေတာကြောင့် လယ်သမားတွေ စက်မောင်းဆီ ဝယ်ယူရရှိဖို့ ခက်ခဲနေဆဲပဲလို့ သိရှိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013