DVB Logo
Home
နိုင်ငံတကာ
ဆေးဝါးဈေးနှုန်းမြင့်တက်သည့် ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီများကို အရေးယူဟု ဘိုင်ဒင် ပြော
DVB
·
December 15, 2023
ဆေးဝါးဈေးနှုန်းမြင့်တက်သည့် ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီများကို အရေးယူဟု ဘိုင်ဒင် ပြော
Donate to DVB

အမေရိကန်နိုင်ငံမှာ ငွေကြေးဖောင်းပွမှုနှုန်းထက်တောင် မြင့်မားနေတဲ့ တချို့ ဆေးဝါးတွေ ဈေးနှုန်းမြင့်တက်နေတာနဲ့ပတ်သက်လို့ အစိုးရအနေနဲ့  ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီ ဒါဇင်ပေါင်းများစွာကို ပြစ်ဒဏ်ချမှတ်သွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က   ဒီဇင်ဘာ ၁၄ ရက်မှာ ပြောပါတယ်။

ဒါဟာ အစိုးရ ကျန်းမာရေးအာမခံ အစီအစဉ်တခုဖြစ်တဲ့ မက်ဒီကဲကို လက်ခံရရှိသူတွေအတွက် အပိုငွေကုန်ကျမှုတွေကို လျှော့ချပေးမယ့် လုပ်ဆောင်ချက်တခုလည်း ဖြစ်ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်က“မနှစ်က ပြဋ္ဌာန်းထားတဲ့ ငွေကြေးဖောင်းပွမှု လျှော့ချရေးဥပဒေ (IRA) ဥပဒေရဲ့ တစိတ်တပိုင်းအနေနဲ့ ဆေးကုမ္ပဏီတွေက ဈေးပိုတက်လို့ မရနိုင်ပါဘူး။ ငွေကြေးဖောင်းပွမှုထက် ဈေးပိုမြင့်ရင် ကွာခြားချက်ကို ပြန်ဆပ်ရလိမ့်မယ်။ အခွန်ထမ်းပြည်သူတွေရဲ့ ပိုက်ဆံတွေကို သက်သာစေပြီး ပထမအဆင့်အနေနဲ့ ကုမ္ပဏီတွေကို ဈေးမတက်အောင် တွန်းအားပေးသွားမှာပါ။ ဆေးဝါးတွေ ဈေးတက်တာကို နှေးကွေးစေရုံသာမက ဆေးဝါးစျေးနှုန်းတွေကို လျှော့ချဖို့လည်း လုပ်ဆောင်နေပါတယ်”လို့  အမျိုးသားကျန်းမာရေးသိပ္ပံမှာ မှတ်ချက်စကား ပြောကြားခဲ့ပါတယ်။ 

သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးထားတဲ့ ငွေကြေးဖောင်းပွမှု လျှော့ချရေး ဥပဒေ (IRA) မှာ အသက် ၆၅ နှစ်နဲ့ အထက်ရှိသူတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူတွေအတွက် အစိုးရ အစီအစဉ်တခုဖြစ်တဲ့ Medicare ကို ခံစားခွင့်ရသူတွေအတွက် ငွေကြေးဖောင်းပွမှုထက် ပိုပြီး ဈေးနှုန်းအတက်မြန်နေတဲ့ ဆေးဝါးထုတ်လုပ်သူတွေကို ပြစ်ဒဏ်ပေးမယ့် ပြဋ္ဌာန်းချက် ပါရှိနေပါတယ်။ 

ဥပဒေ မပြဋ္ဌာန်းခင် တစ်နှစ်အလိုလောက်တုန်းကဆို ဆေးဝါးကုမ္ပဏီကြီးတွေဟာ ငွေကြေးဖောင်းပွမှုထက် ၄ ဆနီးပါးကို မတန်တဆ ဈေးတက်သွားကြောင်း သမ္မတဘိုင်ဒင်က ပြောကြားခဲ့ပါတယ်။ 

ကျန်းမာရေးဌာနက စီမံကွပ်ကဲတဲ့ ဆေးဝါးတွေထဲမှာ အကျုံးဝင်တဲ့ Medicare အပိုင်း B အောက် ကျရောက်နေတဲ့ ဆေးဝါး ၄၈ မျိုးရဲ့ ဈေးနှုန်းတွေဟာ ၂၀၂၃ ခုနှစ်ရဲ့ နောက်ဆုံး ၃ လပတ်မှာ ငွေကြေးဖောင်းပွမှုထက် ပိုပြီးမြန်မြန်ဆန်ဆန် မြင့်တက်ခဲ့ကြောင်း အိမ်ဖြူတော်က ပြောပါတယ်။ 

“ပြီးခဲ့တဲ့နှစ်မှာ ဒီပြန်အမ်းငွေအတွက် ဆေးဝါးမျိုးစုံ ၆၄ မျိုးကို စာရင်းပြုစုထားကြောင်းနဲ့ သက်ကြီးရွယ်အိုတချို့အတွက် ဆေးတမျိုးကို ဒေါ်လာ ၆၀၀ ကျော် သက်သာသွားပြီ” လို့ ဘိုင်ဒင်က ပြောပါတယ်။ 

မနှစ်က ဒီမိုကရက်သမ္မတ ဘိုင်ဒင် လက်မှတ် ရေးထိုးခဲ့တဲ့  (IRA) ဥပဒေရဲ့ ရလဒ်အနေနဲ့ အဲဒီဆေးဝါးတွေအတွက် ငွေကြေးဖောင်းပွမှု ပြန်အမ်းငွေကို  ၂၀၂၄ ခုနှစ်ရဲ့ ပထမ ၃ လပတ်မှာ ပြန်ရရှိနိုင်မှာ ဖြစ်ပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013