DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့တွင် ဆေးဝါးဈေးနှုန်းများ ထပ်မံမြင့်တက်
DVB
·
December 21, 2023
ရန်ကုန်မြို့တွင် ဆေးဝါးဈေးနှုန်းများ ထပ်မံမြင့်တက်
Donate to DVB

ရန်ကုန်မြို့ထဲက ဆေးဆိုင်တွေမှာ အခုနှစ် ဒီဇင်ဘာ တတိယပတ်လောက်ကစပြီး ဆေးဝါးစျေးနှုန်းတွေ အရင်လတွေထက် ပိုမိုဈေးနှုန်းမြင့်တက်လာခဲ့တယ်လို့ ဆေးအရောင်းဆိုင်တွေက သိရပါတယ်။

ပြည်တွင်းမှာ ဒေါ်လာဈေး မြင့်တက်လာတာအပြင် ဈေးကွက်အတွင်း ဝယ်ယူတာတွေ များနေတာကြောင့် ဖျားနာပျောက်ဆေးတွေကအစ ဈေးနှုန်းမြင့်တက်လာ​တာလို့ မင်္ဂလာတောင်ညွန့်မြို့နယ်မှ ဆေးဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

“ဆေးတွေက ဒီလထဲမှာ စျေးပိုမြင့်သွားတာ။ အဓိကကတော့ ဒေါ်လာစျေး မြင့်တက်လာတာရယ် နောက်ပြီး လူတွေက ညရေးညတာ အပြင်မထွက်ရဲကြတော့ ကြိုဝယ်ထားတာတွေရယ်ကြောင့်ပါ။ ပုံမှန်ထက် ကျပ် ၅၀၀ လောက် ပိုတက်သွားတာ။ ဒါတောင် တချို့ဆေးဝါးတွေက ဝယ်လို့တောင်မရဘူး။ ပစ္စည်းပြတ်နေတယ်။”

ဒီဇင်ဘာ ၂၀ ရက်က အမေရိကန် တဒေါ်လာကို ဗဟိုဘဏ်သတ်မှတ်ဈေး ၂၀၀၀ ကျော် ရှိခဲ့ပေမဲ့ ပြင်ပဈေးကွက်မှာ ၃,၅၀၀ ကျော်ထိ ပေါက်ဈေးရှိနေကြောင်း သိရပါတယ်။

လက်ရှိမှာ Benda 500 သန်ချဆေးတလုံးကို ကျပ် ၂,၁၀၀ ၊ Sura Suspension ကလေးဖျားနာပျောက်ဆေးအရည် ၁၂၀ မီလီဂရမ် ဆေးတဘူးကို ကျပ်  ၄,၀၀၀ ၊ ၂၅၀ မီလီဂရမ် ဆေးတဘူးကို ကျပ် ၅,၀၀၀ နဲ့ အဆုတ်၊ သွေးတိုး၊ ဆီးချိုသမားတွေအတွက် ‌သောက်ဆေးအပြင် ထိုးဆေးတွေလည်း အရင် ကျပ် ၁,၀၀၀ မှ ၁,၅၀၀ ကျပ်ထိ ဈေးနှုန်း ထပ်မံမြင့်တက်ခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA က ဆေးဝါးမှတ်ပုံတင်မရှိဘဲ စျေးကွက်အတွင်း Benda 500 Tablet, TIFFY DEY Tablet, Sara Suspension (Strawberry), Sara For Children Suspension (Orange) တို့ကို ရောင်းချနေတာ တွေ့ရတဲ့အတွက် ပြည်သူတွေ သတိပြုသုံးစွဲပြီး ရှောင်ကြဉ်ကြဖို့ ဒီဇင်ဘာ ၁၉ ရက်နေ့က သတိပေး ထုတ်ပြန်ထား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013