DVB Logo
Home
မြန်မာသတင်း
မူဆယ် ၁၀၅ မိုင် စစ်ကောင်စီဗျူဟာကုန်းကို MNDAA နှင့် ပူးပေါင်းအဖွဲ့ သိမ်းပိုက်
DVB
·
December 15, 2023
မူဆယ် ၁၀၅ မိုင် စစ်ကောင်စီဗျူဟာကုန်းကို MNDAA နှင့် ပူးပေါင်းအဖွဲ့ သိမ်းပိုက်
Donate to DVB

မြန်မာ-တရုတ်နယ်စပ်၊ ရှမ်းပြည်နယ်၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးက စစ်ကောင်စီဗျူဟာကုန်းကို ဒီဇင်ဘာ ၁၄ ရက် ညပိုင်းမှာ  MNDAA နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း မူဆယ် ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီဗျူဟာကုန်းကို မနေ့မနက် ၁၀ နာရီ ဝန်းကျင်လောက်မှာ ပူးပေါင်းတပ်တွေက ယာယီ ထိန်းထားနိုင်ခဲ့ပေမဲ့ အခိုင်အမာ တည်ဆောက်ထားတဲ့ ကတုတ်ကျင်းတွေ ကျန်နေလို့ ညပိုင်း  ၆ နာရီ ၃၄ မှာ လုံးဝရှင်းလင်း နိုင်ခဲ့တာလို့  ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ တင့်ကား ၄ စီးထဲက ၂ စီးကိုလည်း MNDAA ကသိမ်းလိုက်ပြီး ကျန်  ၂စီးကိုတော့ စစ်ကောင်စီတပ်က  မူဆယ်ဘက် မောင်းပြေးသွားကာ စစ်ကောင်စီ ဗျူဟာမှူးနဲ့လည်း လက်ရှိအထိ အချိတ်အဆက်မရဘူးလို့ သတင်းထွက်ပေါ်နေကြောင်း ဒေသခံ တွေထံက သိရပါတယ်။

မူဆယ်ကုန်သွယ်ရေး ဇုန်အနီးကကုန်းကို မဟာမိတ်အဖွဲ့တွေက သိမ်းသွားပြီလို့ သိရကြောင်း ကုန်တင်ကားသမားတဦးကလည်း ပြောပါတယ်။

၁၀၅ မိုင် ဗျူဟာကုန်းကို သိမ်းလိုက်ကြောင်း သတင်းတွေ ထွက်ပေါ်လာပြီးနောက် ၁၀၅ မိုင်ဘက်ရော မူဆယ်မြို့စွန်ဘက်က မန့်မိုင်တောင်ကုန်းဘက်ကိုပါ ‌စစ်ကောင်စီဘက်က ရဟတ်ယာဉ်နဲ့ရော  ဂျက်တိုက်လေယာဉ်နဲ့ပါ  သုံးလေးကြိမ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

မူဆယ် ဒေသခံ ၁ ဦးက "၁၀၅ မိုင်လည်း သိမ်းလိုက်ပြီလို့ ပြောနေကြတယ်။ မူဆယ်မှာလည်း ၂ ခါရှိပြီ ဟတ်စကီးနဲ့ ရိက္ခာလာပို့ရင်း လူနာလာသယ်တာထင်တယ်။ ပြီးတော့ လေယာဉ် အဖြူနဲ့ရော အစိမ်းနဲ့ရော ပစ်နေတယ်။ မန့်မိုင် တောင်ကုန်းဘက်။ အရင်က စစ်တပ်က နေတာ။ အခုကမနေတော့ဘူး။ အဲပေါ်  လေယာဉ်နဲ့ ဗုံးလာကြဲတာ" လို့ပြောပါတယ်။

လက်ရှိအချိန်မှာတော့ မူဆယ် စက်မှုဇုန်ဘက်က ဒေသခံတွေကိုတော့ စစ်ကောင်စီဘက်က ရှောင်ခိုင်းထားတာကြောင့် မြို့ထဲဘက်ကို အကုန် ရှောင်ထားကြပြီလို့ ဆိုပါတယ်။ 

Pra Jaw

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013