DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏားကျွန်း မြို့တော်ခန်းမအနီး စစ်ကောင်စီတပ် မိုင်းထောင်
DVB
·
December 14, 2023
ပုဏ္ဏားကျွန်း မြို့တော်ခန်းမအနီး စစ်ကောင်စီတပ် မိုင်းထောင်
Donate to DVB

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ မြို့တော်ခန်းမအနီးမှာ ဒီဇင်ဘာ ၁၄ ရက် နေ့လယ်က  စစ်ကောင်စီတပ်က လာရောက် မိုင်းထောင်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြို့တော်ခန်းမနားနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုဦးစီးတို့နေတဲ့ ရုံးနားက လမ်းကြားမှာ  ဒီနေ့လယ် ၁၂ နာရီလောက်မှာ ခလရ ၅၅၀ က စစ်ကောင်စီတပ်သားတွေက အရပ်ဝတ်နဲ့ လာရောက်ပြီး မိုင်းထောင်သွားတာလို့  ပုဏ္ဏားကျွန်းမြို့ ခံတယောက်က ပြောပါတယ်။

“စစ်ကောင်စီတပ်သားအင်အားကတော့ များများမပါဘူးဗျ။ နှစ်ယောက် သုံးယောက်လောက်ပဲ အရပ်ဝတ် ဘောင်းဘီအတို ဝတ်ဆင်ထားပြီး ခိုးကြောင်ခိုးဝှက်လာရောက် မိုင်းထောင်ကြတာပါ။ တကယ်လို့ အဲဒီမိုင်းပေါက်ကွဲပြီး တစုံတခု ထိခိုက်မှုရှိခဲ့ရင် အေအေက လုပ်တာပါလို့ စွပ်စွဲမယ့် အကြံစည်နဲ့ လာလုပ်တဲ့ သဘောရှိတယ်။”

ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို မနေ့မွန်းလွဲပိုင်းက  စစ်တွေမြို့နယ် ပါဒလိတ်အခြေစိုက် ခလရ ၃၄၄ တပ်ရင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ဒီပါရုံကျေးရွာနားက လယ်ကွင်းမှာတလုံး၊ ရေဖြူကန်ကျေးရွာနားမှာတလုံးနဲ့ ကွန်းတောင်ကျေးရွာနားမှာ တလုံးကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်တာတော့ မရှိခဲ့ပါဘူး။

ပုဏ္ဏားကျွန်းမြို့နယ်မှာ နိုဝင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းကလည်း စစ်ကောင်စီ ရေတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပုဏ္ဏားကျွန်းမြို့မစျေး တစျေးလုံး မီးလောင်ပြာကျခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013