DVB Logo
Home
အားကစား
အင်္ဂလန်ပရိသတ် ၁ ဦး ကမ္ဘာ့ဖလားပွဲသွားကြည့်ရန် အိမ်ရောင်းပြီး အသုံးစရိတ်ရှာ 
DVB
·
March 28, 2026
Photo:Reuters
Photo:Reuters
Donate to DVB

အသက် ၆၂ နှစ်အရွယ် အင်္ဂလန်အသင်းရဲ့ စူပါပရိသတ် အန်ဒီမိုင်းလ်ဟာ လာမဲ့နွေရာသီ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတို့မှာ ကျင်းပမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို သွားရောက် ကြည့်ရှုဖို့ ပေါင် ၃ သိန်းခွဲတန် သူ့ရဲ့အိမ်ကို ရောင်းချဖို့ ဆုံးဖြတ်လိုက်ပါတယ်။

သူဟာ အရင်က ကမ္ဘာ့ဖလား ၉ ကြိမ်အထိ သွားရောက်ကြည့်ရှုဖူးသူဖြစ်ပြီး အခုတကြိမ်မှာတော့ လက်မှတ်ဈေးနှုန်းနဲ့ ခရီးစရိတ်တွေ အဆမတန်မြင့်မားနေတာကြောင့် အခုလို အိမ်ရောင်းပြီး ငွေရှာ ရတာလို့ ဆိုပါတယ်။

ကမ္ဘာ့ဖလားပွဲစဉ်အားလုံးကို ဗိုလ်လုပွဲအထိ ကြည့်ရှုဖို့ လက်မှတ်တွေ ဝယ်ယူထားပြီးဖြစ်တဲ့ အန်ဒီမိုင်းလ်ဟာ အသုံးစရိတ်ချွေတာဖို့ သူငယ်ချင်းတွေဆီမှာလည်း တည်းခိုသွားမှာ ဖြစ်ပါတယ်။

Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013