DVB Logo
Home
မြန်မာသတင်း
ဖေ့စ်ဘွတ်ခ်တွင် သတင်းမျှဝေခဲ့သည့် ရခိုင်ဒေသခံ ၁ ဦး  ဖမ်းဆီး အမှုဖွင့်ခံရ
DVB
·
December 14, 2023
ဖေ့စ်ဘွတ်ခ်တွင် သတင်းမျှဝေခဲ့သည့် ရခိုင်ဒေသခံ ၁ ဦး  ဖမ်းဆီး အမှုဖွင့်ခံရ
Donate to DVB

ဖေ့စ်ဘွတ်ခ်မှာ သတင်းတွေ Share လုပ်မျှဝေခဲ့တဲ့ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်က ဒေသခံ အမျိုးသားတယောက်ကို စစ်ကောင်စီက ဖမ်းဆီးပြီး  ဂွမြို့မရဲစခန်းမှာ  ဒီဇင်ဘာ ၁၂ ရက်က  အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) နဲ့ အမှုဖွင့်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဂွမြို့နယ်၊ ကျိန္တလီမြို့ အမှတ် ၂ ရပ်ကွက်က အသက် ၃၅ နှစ်အရွယ် ကိုကျော်စွာစိုး(ခေါ်)အာနိုးကို ပြီးခဲ့တဲ့ တပတ်လောက်ကတည်းက ဂွမြို့အခြေစိုက် ခမရ ၅၆၆ က စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီးသွားတာဖြစ်ပါတယ်။

ကိုကျော်စွာစိုးဟာ သူ့ရဲ့ ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ DVB၊ ခေတ်သစ်၊ NUG Page တွေက သတင်းတွေကို Share လုပ် ပြန်လည်မျှဝေခဲ့တာကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်ခံရတာလို့ သူနဲ့ နီးစပ်သူက ပြောပါတယ်။

အခုလဆန်းပိုင်းကလည်း ရခိုင်သတင်းမီယာတွေမှာ ဖော်ပြတဲ့ သတင်းတွေကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ Share လုပ်ခဲ့တဲ့ စစ်တွေ ဒေသခံနှစ်ယောက်ကို  စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅ဝ၅(က) နဲ့ အမှုဖွင့် တရားစွဲတင်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ဒေသခံပြည်သူ ၁၀၀ ကျော်ကို အေအေနဲ့ဆက်စပ်မှု သံသယနဲ့ ဖမ်းဆီးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013