DVB Logo
Home
မြန်မာသတင်း
NUG ကာကွယ်ရေးဒုဝန်ကြီးက ရေးမြို့နယ် တော်လှန်ရေးအဖွဲ့များကို တွေ့ဆုံအားပေး 
DVB
·
December 14, 2023
NUG ကာကွယ်ရေးဒုဝန်ကြီးက ရေးမြို့နယ် တော်လှန်ရေးအဖွဲ့များကို တွေ့ဆုံအားပေး 
1 / 3
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နိုင် ကောင်းရွက်ဟာ မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းရှိ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ သွားရောက်တွေ့ဆုံခဲ့တယ်လို့  NUG ကာကွယ်ရေးဌာနက ဒီနေ့ထုတ်ပြန်ပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်က တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အဆိုပါ တွေ့ဆုံပွဲမှာ စစ်ဆင် ရေးကိစ္စရပ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ဖွဲ့စည်းမှုဆိုင်ရာကိစ္စရပ်တွေ၊ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ ရှင်း လင်းပြောကြားခဲ့ပြီး ပြည်သူ့တော်လှန်ရေးရဲဘော်တွေဘက်ကလည်း အခက်အခဲ၊ လို အပ်ချက်နဲ့ အခြေအနေတွေကို တင်ပြဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

တွေ့ဆုံပွဲမှာ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်က ၃ နှစ်နီးပါးကာလအတွင်း အောင်မြင်မှု၊ ဆုံးရှုံးမှုပေါင်းများစွာ တွေ့ကြုံခံစားခဲ့ရတဲ့ ရဲဘော်တွေရဲ့ စိတ်ဓာတ်ခွန်အား တက်ကြွစေဖို့လည်း အားပေးစကားပြောကြားခဲ့ပါတယ်။

ဒုဝန်ကြီးနဲ့အတူ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဒေသမှ တာဝန်ရှိသူတွေလည်း ပါဝင်ခဲ့ပြီး ရဲဘော်တွေရဲ့ လိုအပ်ချက်ကိုလည်း အပြန်အလှန် တင်ပြဆွေးနွေးခဲ့ကြပါတယ်။

ကာကွယ်ရေးဒုဝန်ကြီး လာတဲ့အပေါ်မှာ  ဒေါနစစ်ကြောင်းမှူး စောဒါကိုးက "ဒေသအတွင်းမှာ စစ်ရေးအရှိန် မြှင့်တင်သွားဖို့ လာရောက်တာဖြစ်သလို တပ်ဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်ခွန်အား တရပ်လည်း ဖြစ်ပါတယ်။ ပြည်သူအပေါ် အကျိုးသက်ရောက်မှု အခက်ခဲတွေကို ကျော်လွှာသွားနိုင်ဖို့ ကြိုတင်ပြင်ဆင်ရတာဖြစ်တယ်”လို့ ပြောပါတယ်။

ရေးဒေသခံတယောက်ကတော့ “မွန်ပြည်နယ်အတွင် အရင်ကထက် စစ်ရေးအရှိန်တွေ ပြင်းထန်လာဖို့ရှိတယ်။ မွန်ပြည်သစ်ပါတီဘက်ကလည်း မွန်ရွာတွေကို ဗုံးခိုကျင်းတူးထားဖို့ ၄ လစာ ရိက္ခာတွေ စုဆောင်းထား ပြင်ဆင်ထားကြဖို့ ပြောဆိုထားတာရှိတယ်”လို့ ပြောပါတယ်။

တွေ့ဆုံပွဲကို တောင်ပိုင်းတိုင်းစစ်ဒေသ တာဝန်ရှိသူတွေ၊ မွန်ပြည်တော်လှန်ရေးတပ် - MSRF၊ ဒေါနစစ်ကြောင်း ၊ ABSDF တပ်ရင်း - ၁ ၊ ရေးပြောက်ကျားတပ် - YGF ၊ Ye Defence Force - YDF ၊ Mon State Revolutions Organization - MSRO ၊ Ye Air Force - YAF စတဲ့ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေ တက်ရောက်ခဲ့ကြပါတယ်။

စစ်အာဏာရှင်စနစ်နဲံ အာဏာရှင်မှန်သမျှ အမြစ်ပြတ်ရေးအတွက် အဆုံးတိုင် တိုက်ပွဲဝင်သွားကြမယ်လို့ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့ရဲဘော်တွေက နိုဝင်ဘာ ၃၀ ရက်မှာ သစ္စာရေသောက် ကတိသစ္စာပြုထားကြပါတယ်။ 

Photo-NUGMOD

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013