DVB Logo
Home
မြန်မာသတင်း
နမ့်ခမ်းနှင့် ၁၀၅ မိုင်တွင် စစ်တပ်က လေကြောင်းဗုံးကြဲ၊ ပြည်သူ ၃ ဦး သေဆုံးပြီး နေအိမ်များ ပျက်စီး
DVB
·
December 13, 2023
နမ့်ခမ်းနှင့် ၁၀၅ မိုင်တွင် စစ်တပ်က လေကြောင်းဗုံးကြဲ၊ ပြည်သူ ၃ ဦး သေဆုံးပြီး နေအိမ်များ ပျက်စီး
Donate to DVB

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်အတွင်းရှိ နမ့်ခမ်းနဲ့ ၁၀၅ မိုင်မှာ စစ်ကောင်စီက ဒီဇင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ လေကြောင်းကနေ ဗုံးကြဲတာကြောင့် နေအိမ် အများအပြား ထိခိုက်ပျက်စီးခဲ့ပြီး သေဆုံး ဒဏ်ရာရသူတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒေသခံ အမျိုးသမီး ၁ ဦးက “လေယာဉ်ဗုံးက တလုံးပဲ ကျပေမယ့်၊ ဘေးနားက အိမ်တွေ အများကြီး ထိသွားတယ်” လို့ ပြောပါတယ်။ 

နမ့်ခမ်းမြို့ ကောင်းဆာရွာက နေအိမ်ပေါ် လေယာဉ်ဗုံး ထိမှန်တာကြောင့် အသက် ၆၀ ဝန်းကျင်ရှိ ဒေါ်လုံးလှအောင် ဗုံးစထိမှန် သေဆုံးသွားတယ်လို့ ဆိုပါတယ်။ 

နမ့်ခမ်းဒေသခံ အမျိုးသားတဦးက “နမ့်ခမ်းမှာ လေယာဉ် ၆ စီးနဲ့ လာပစ်နေတာ ဒီနေ့တော့။ ကြည့်ရတာ အခြေအနေ သိပ်မကောင်းဘူး။ ပလောင်တွေ စစ်ကောင်စီတွေရဲ့ ဘန်ကာ ကတုတ်နားအထိ ထိုးစစ်ရောက်လာလို့ လေယာဉ်ခေါ်နေတယ်။ ကျနော့်အထင် ဒီနေ့ စစ်ကောင်စီတပ်စခန်း လွှတ်ချနိုင်ခြေ ရှိနေတယ်” လို့ ပြောပါတယ်။ 

မနေ့ည ၆ နာရီ ဝန်းကျင်မှာလည်း မူဆယ်နဲ့ နမ့်ခမ်းကြားက စယ်လန့်ရွာဘက် လေယာဉ်နဲ့  ၂ ကြိမ်၊ ၃ ကြိမ်လောက် ဗုံးလာကြဲသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ရဟတ်ယာဉ် ၃ စီးနဲ့လည်း အင်အားရာချီ လာဖြည့်သွားတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒီဇင်ဘာ ၁၁ ရက်နေ့ညကလည်း နမ့်ခမ်းမြို့ ရဲစခန်းအနောက်ဘက် ရပ်ကွက်မှာ လေယာဉ်ဗုံး ၂ လုံး၊ ကော်ဆွဲ့ဟွမ်ခန်းမဘက် ဗုံး ၁ လုံးကျပြီး နေအိမ်တွေ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် မူဆယ် ၁၀၅ မိုင်မှာလည်း ဒီဇင်ဘာ ၁၁ ရက်နေ့ ညနေမှာ စစ်ကောင်စီက ရဟတ်ယာဉ်ရော ဂျက်ဖိုက်တာနဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ‌ပြည်သူ ၁ ဦး သေဆုံးကာ နေအိမ်၊ အဆောက်အဦတွေ ပျက်စီးခဲ့ပါတယ်။ 

PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနကတော့ ဒီဇင်ဘာ ၁၁ ရက်နေ့ညမှာ စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ကြဲတိုက်ခိုက်တာကြောင့် နမ့်ခမ်းပေါက်နေ ရပ်ကွက်ထဲ ထိမှန်ကျကွဲကာ ပြည်သူ ၃ ဦး ဒဏ်ရာရပြီး နေအိမ် ၁၀ လုံးကျော် ထိခိုက် ပျက်စီးသွားတဲ့အပြင် လက်နက်ကြီး ထိမှန်လို့ မူဆယ် ၁၀၅ မိုင်က ဒေသခံ ၁ ဦး ထိမှန်သေဆုံးပြီး ၅ ဦး ဒဏ်ရာရကြောင်း သတင်းထုတ်ထားပါတယ်။ 

၁ လကျော် ကြာပြီဖြစ်တဲ့ နမ့်ခမ်းမြို့အနီးက စခန်းသစ်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က Jet Fighter နဲ့ ၂၂၁ ကြိမ်၊ Y8/Y12 လေယာဉ်နဲ့ ၆၂ ကြိမ်၊ Mi 35 နဲ့ ၁၇ ကြိမ်၊ မန်တပ်နဲ့ နမ့်ဖတ်ကာ စစ်ကောင်စီစခန်းတို့မှ လက်နက်ကြီး အကြိမ် ၃၅၀ ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013