DVB Logo
Home
နိုင်ငံတကာ
လိင်ပိုင်းဆိုင်ရာစော်ကားခံရသည့် ဂျပန်အမျိုးသမီးစစ်သည်ဟောင်း တရားမျှတမှုရရန် မျှော်လင့်  
DVB
·
December 12, 2023
လိင်ပိုင်းဆိုင်ရာစော်ကားခံရသည့် ဂျပန်အမျိုးသမီးစစ်သည်ဟောင်း တရားမျှတမှုရရန် မျှော်လင့်  
Donate to DVB

ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (SDF)အဖွဲ့ဝင်ဟောင်း အမျိုးသမီးစစ်သည် ရီနာဂိုနိုအိဟာ စစ်မှုထမ်းစဉ်ကာလအတွင်း လုပ်ဖော်ကိုင်ဖက်တွေက သူ့အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်လို့ စွပ်စွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး  ဒီဇင်ဘာ ၁၂ ရက်မှာ ချမှတ်မယ့် တရားရုံး စီရင်ချက်မှာ တရားခံတွေ အပြစ်ရှိကြောင်း တရားရုံးက အမိန့်ချဖို့ မျှော်လင့်ထားပါတယ်။

အသက် ၂၄ နှစ်အရွယ် ဂိုနိုအိက “စော်ကားမှုဟာ ရာဇ၀တ်မှု တခုလို့ တရားရုံးမှာပြနိုင်ရင် ဂျပန်လူ့အဖွဲ့အစည်းအတွက် ကောင်းပါတယ်။ ကျမကတော့ (တရားခံတွေအပေါ်) ပေါ့ပေါ့ပါးပါး ဒါမှမဟုတ် ပြင်းထန်တဲ့ ပြစ်ဒဏ်ကို ရအောင် မကြိုးစားပါဘူး၊ အဲဒါကို ရာဇ၀တ်မှုလို့ တရားရုံးမှာ ပြောစေချင်တာပါ" လို့ ယိုကိုဟားမားမြို့က  ပန်းခြံတစ်ခုအတွင်း လူတွေ့မေးမြန်းချိန်မှာ ပြောခဲ့ပါတယ်။

လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ စွပ်စွဲခံထားရတဲ့ SDF အဖွဲ့ဝင် ဟောင်း သုံးဦးကို  ဖူကူရှီးမားခရိုင်တရားရုံးက ဒီနေ့ ဒီဇင်ဘာ ၁၂ ရက် ရုံးချိန်းမှာ စီရင်ချက်ချမှာဖြစ်ပြီး ခုခံလျှောက်လဲသူတွေကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ 

ဂိုနိုရိဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို တားမြစ်ပိတ်ပင်ထားဆဲဖြစ်တဲ့ ဂျပန်လို နိုင်ငံတခုမှာ လူသိရှင်ကြား စွပ်စွဲထုတ်ဖော်ခဲ့တဲ့အတွက် နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ရခဲ့ပါတယ်။

ဒီနှစ်ထဲမှာ တိုင်းမ်မဂ္ဂဇင်းက ဂိုနိုရိကို ထွန်းသစ်စ ကမ္ဘာ့ခေါင်းဆောင် ၁၀၀ စာရင်းမှာ ထည့်သွင်းခဲ့ပြီး ဘီဘီစီသတင်းဌာနကတော့ သူ့ကို ကမ္ဘာ့သြဇာရှိ အမျိုးသမီး ၁၀၀ စာရင်းထဲမှာ ရွေးချယ် ဖော်ပြခဲ့ပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013