DVB Logo
Home
အားကစား
အမှတ်လျှော့ပြစ်ဒဏ်ကို အဲဗာတန်အသင်း အယူခံဝင်
DVB
·
December 12, 2023
အမှတ်လျှော့ပြစ်ဒဏ်ကို အဲဗာတန်အသင်း အယူခံဝင်
Donate to DVB

အဲဗာတန်အသင်းဟာ ပရီးမီယားလိဂ်မှာ ၁၀ မှတ်ဖြတ်တောက်ခံရတဲ့ပြစ်ဒဏ်ကို အယူခံဝင်ခဲ့တယ်လို့ သောကြာနေ့မှာ ကလပ်အသင်းက ပြောကြားခဲ့ပါတယ်။

မာဆေးဆိုဒ်ကလပ်အသင်းဟာ အမြတ်အစွန်းနဲ့ ရေရှည်တည်တံမှု စည်းမျဉ်းကို ချိုးဖောက်ခဲ့တာ တွေ့ရှိခဲ့ပြီးနောက် ပြီးခဲ့တဲ့လက ချက်ချင်း အကျိုးသက်ရောက်မှုအဖြစ် အမှတ်လျော့ချခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဗာတန်အသင်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ကလပ်အသင်းအနေနဲ့ ပရီးမီးယားလိဂ် ကော်မရှင်ရဲ့ ၁၀ မှတ်ဖြတ်ခံထားရတဲ့ ဆုံးဖြတ်ချက်ကို တရားစီရင်ရေးအဖွဲ့ ဥက္ကဋ္ဌဆီမှာ အယူခံလျှောက်ထားခဲ့တယ်လို့ ရေးသားထားပါတယ်။

အမှုကို ကြားနာဖို့ အယူခံအဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ အဲဗာတန်အသင်းဟာ အမြတ်အစွန်းနဲ့ ရေရှည်တည်တံ့မှု စည်းမျဉ်းကို ချိုးဖောက်ကြောင်း ဝန်ခံခဲ့တယ်လို့ ဒီလအစောပိုင်းမှာ ပရီးမီးယားလိဂ်က ပြောဆိုထားပါတယ်။

ဒီပြစ်ဒဏ်ဟာ ပရီးမီးယားလိဂ်မှာ အပြင်းထန်ဆုံး ဒဏ်ခတ်မှုလည်း ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ အဲဗာတန်အသင်းကို အဆင့် ၁၄ ကနေ တန်းဆင်းဇုန်နားထိ ရောက်ရှိစေခဲ့ပြီး လုံးဝ အချိုးအစား မမျှတဘူးလို့ ကလင်းအသင်းက တံဆိပ်ကပ်ခဲ့ပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013