DVB Logo
Home
မြန်မာသတင်း
နတ်တလင်းမြို့နယ်၌ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
December 11, 2023
နတ်တလင်းမြို့နယ်၌ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ
Donate to DVB

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့အရှေ့ဘက်မှာရှိတဲ့ ကြသောင်းကုတင်ရွာ ဘုန်းကြီးကျောင်းကနေ စမ်းကြီးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းကို ဒီဇင်ဘာ ၁၀ ရက် မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် တဦး သေဆုံးခဲ့တယ်လို့  ဒေသခံတော်လှန်ရေးအဖွဲ့က ပြောပါတယ်။

အင်အား ၃၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို သာယာဝတီခရိုင် တပ်ရင်း-၃၈၀၁၊ တပ်ခွဲ (၂)၊ Phoenix DF အဖွဲ့က စမ်းကြီးရွာအနီး (၉၉) လမ်းခွမှာရှိတဲ့ ဂျပန်ကျွန်းစိုက်ခင်းနားအရောက်မှာ  မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Phoenix DF အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “စစ်ကြောင်းထိုးလာတာက ဘယ်တပ်ရင်းကလဲ ဆိုတာတော့ ကျနော်တို့လည်း ‌မြေပြင်မှာရှိတဲ့ ရဲဘော်တွေ စုံစမ်းနေတုန်းပါပဲ။ အဲဒီစစ်ကြောင်းက ခဏခဏမိုင်းဆွဲခံရတဲ့ စစ်ကြောင်းပါ။ မိုင်းဆွဲခံရတိုင်း လူနာတွေခေါ်ပြီး တောင်ညိုကွက်သစ်ကို ပြန်ဆင်းသွားလိုက် အင်အားစုပြီးပြန်တက်လာလိုက်နဲ့ လုပ်နေတာ” လို့ ပြောပါတယ်။

စစ်ကြောင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးတဲ့အပြင် ဒဏ်ရာရသူတွေလည်း ရှိနေပြီး ဒဏ်ရာရသူတွေကိုလည်း ကျောရှည်ရွာဘက်ကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

Phoenix DF ပြန်ကြားရေးတာဝန်ခံက “ဒဏ်ရာရတာက ၆ ယောက်လောက်ရှိတယ်။ ဒဏ်ရာရတဲ့သူတွေထဲမှာ ဗိုလ်တစ်ယောက်ပါတယ်လို့ ကျနော်တို့ ကြားတယ်။ လောလောဆယ်တော့ အဲဒီစစ်ကြောင်းက တောင်ညိုဆည်နားက မန်ကျည်းပင်ရွာမှာ ရှိနေသေးတယ်။ တိုက်ပွဲအပြီး သူတို့ဘက်က ပြန်ပစ်ခတ်တာတွေ ရှိပေမဲ့ကျနော်တို့ဘက်က အထိအခိုက်အရှိခဲ့ပါဘူး” လို့ ပြောပါတယ်။

အခုအချိန်ထိ စစ်ကောင်စီဘက်ကနေ အဆက်မပြတ် စစ်ကြောင်းထိုးနေတယ်လို့သိရပြီး အဆိုပါ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေကို သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်တာ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013