DVB Logo
Home
နိုင်ငံတကာ
ဖမ်းဆီးခံ ပါလက်စတိုင်းအမျိုးသားများကို အဝတ်မပါဘဲထားသည့်ကိစ္စ  အစ္စရေး ရှင်းလင်း
DVB
·
December 11, 2023
ဖမ်းဆီးခံ ပါလက်စတိုင်းအမျိုးသားများကို အဝတ်မပါဘဲထားသည့်ကိစ္စ  အစ္စရေး ရှင်းလင်း
Donate to DVB

မီဒီယာတွေက ဖြန့်နေတဲ့ အတွင်းခံအဝတ်တွေကိုပါ ချွတ်ချ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပါလက်စတိုင်းအမျိုးသားတွေရဲ့ ဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး ဒါဟာ လုံခြုံရေး လုပ်ထုံးလုပ်နည်းအရ လုပ်တာပါလို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၁၀ ရက်မှာ ရှင်းလင်းချက် ပေးပါတယ်။

ဒီဓာတ်ပုံတွေဟာ အကျဉ်းသားတွေက ဝှက်ထားတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို ကိုယ်ပေါ်မှာ ဝတ်ထားသလားဆိုတာ စစ်ဆေးဖို့ ပုံမှန်လုံခြုံရေး လုပ်ထုံးလုပ်နည်းကို ကိုယ်စားပြုတယ်လို့ ရေတပ်ဗိုလ်ချုပ် ဒယ်နီရယ်ဟာဂရီက နေ့စဉ်သတင်းစာ ရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောပါတယ်။ 

ဟာဂါရီက"ဒါဟာ တိုက်ပွဲတွေအတွင်းမှာ နှစ်အတော်ကြာအောင် ကျနော်တို့ လုပ်နေခဲ့တဲ့ ဖြစ်စဉ်တစ်ခုပါ၊ ဘာကြောင့်လဲဆိုတော့ လူတွေက ကျနော်တို့ တပ်ဖွဲ့ကို ဖောက်ခွဲလိုက်တဲ့ အဖြစ်အပျက်တွေ ကြောင့် စစ်ဆေးမှုက ဖြစ်စဉ်ရဲ့ တစိတ်တပိုင်းပဲ" လို့ ပြောခဲ့ပါတယ်။

အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)က “ဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မိတယ်။ အကျဉ်းသားအားလုံးကို နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှု ဥပဒေနဲ့အညီ လူသားဆန်ဆန် ဂုဏ်သိက္ခာရှိရှိ ဆက်ဆံရမယ်”လို့ ပြောပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013