DVB Logo
Home
နိုင်ငံတကာ
တောင်တရုတ်ပင်လယ်တွင်း သင်္ဘောတိုက်ခိုက်မှု ဖိလစ်ပိုင်နှင့် တရုတ်တို့ အပြန်အလှန်စွပ်စွဲ
DVB
·
December 11, 2023
တောင်တရုတ်ပင်လယ်တွင်း သင်္ဘောတိုက်ခိုက်မှု ဖိလစ်ပိုင်နှင့် တရုတ်တို့ အပြန်အလှန်စွပ်စွဲ
Donate to DVB

ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံတို့ဟာ တောင်တရုတ်ပင်လယ် အငြင်းပွားရေပြင်မှာ သူတို့ရဲ့ ရေယာဉ်တွေ တိုက်ခိုက်မှု ဖြစ်ပွားတဲ့အပေါ် ဒီဇင်ဘာလ ၁၀ ရက်က အပြန်အလှန် စွပ်စွဲ တင်းမာမှုတွေ မြင့်တက်နေပါတယ်။

တရုတ်ဟာ ဖိလစ်ပိုင်ပစ္စည်းထောက်ပံ့ရေး ရေယာဉ်နဲ့ ကမ်းရိုးတန်းစောင့်တပ် သင်္ဘောတစီးတို့ကို ရေအမြောက်တွေနဲ့ ပစ်ခတ်ပြီး အတင်းတိုးဝင်လာတာကြောင့် အင်ဂျင်တလုံး ဆိုးဆိုးရွားရွား ပျက်စီးသွားတယ်လို့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့က စွပ်စွဲလိုက်ပါတယ်။

တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း ဖိလစ်ပိုင်သင်္ဘောဟာ သူတို့သင်္ဘောဆီကို ရည်ရွယ်ချက်ရှိရှိ အတင်းတိုးဝင်လာခဲ့တာဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က မျှဝေထားတဲ့ ဗီဒီယိုတွေထဲမှာ ၂ နိုင်ငံစလုံးက သင်္ဘောတွေဟာ အနီးအနားတွေမှာ ရှိနေကြပြီး ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ရဲ့ သင်္ဘောတစင်းဟာ သူတို့ရဲ့ အရပ်ဖက် ထောက်ပံ့ရေးသင်္ဘောတစင်းနဲ့အတူ တရုတ်သင်္ဘောရဲ့ ရေအမြောက်တွေနဲ့ ပစ်ခတ်ခံရတာကို ပြသခဲ့ပါတယ်။

နှစ်စဉ် ဒေါ်လာ ၃ ထရီလီယံကျော်ပမာဏရှိတဲ့ ရေကြောင်း ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းအတွက် လမ်းကြောင်းတခုဖြစ်တဲ့ တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို တရုတ်နိုင်ငံက သူ ပိုင်ဆိုင်ကြောင်း ကြေညာထားတာဖြစ်ပါတယ်။

အဲဒီရေပြင်ထဲမှာ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဘရူနိုင်းတို့ကလည်း သူတို့ပိုင်နက်ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုထားတဲ့ အစိတ်အပိုင်းတွေ ပါဝင်နေတာပါ။

တရုတ်နိုင်ငံရဲ့ ကြေညာချက်ဟာ ဥပဒေပိုင်းအရ အခြေခိုင်မာမှု မရှိကြောင်း အမြဲတမ်းခုံသမာဓိရုံးက ၂၀၁၆ ခုနှစ်မှာ ပြောကြားထားပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013