DVB Logo
Home
မြန်မာသတင်း
နိုင်ငံတဝန်း စက်သုံးဆီပြတ်လပ်နေသော်လည်း ဖားကန့်တွင် ဂါလန်သိန်းချီသုံးစွဲပြီး တရားမဝင် ကျောက်စိမ်းတူးဖော်နေ
DVB
·
December 10, 2023
နိုင်ငံတဝန်း စက်သုံးဆီပြတ်လပ်နေသော်လည်း ဖားကန့်တွင် ဂါလန်သိန်းချီသုံးစွဲပြီး တရားမဝင် ကျောက်စိမ်းတူးဖော်နေ
Donate to DVB

နိုင်ငံတဝန်း စက်သုံးဆီတွေ ပြတ်လပ်နေပေမဲ့ ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းတွေမှာတော့ ဧရာမစက်ယန္တယားကြီး အမြောက်အမြားသုံးပြီး တရားမဝင်ကျောက်စိမ်းတူးရေးလုပ်ငန်းတွေ ညစဉ်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဖားကန့်ဒေသရှိ ကျောက်စိမ်းထွက်ရှိရာမှော်တိုင်းမှာ လောင်စာဆီဂါလန်ပေါင်း သောင်းသိန်းချီ အသုံးပြုပြီး တရားမဝင် ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းတွေ ညစဉ် လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

ဒေသခံတဦးက "ကျနော်တို့မှာသာ ဆီထည့်စရာမရှိတာ၊ မှော်ထဲမှာတော့ ညတိုင်း ဘုရားပွဲလှည့်နေတဲ့အတိုင်းပဲ အပြိုင်အဆိုင် ကျောက်ခိုးတူးနေကြတာ။ တညတည တမှော်လုံး မကုန်ပါဘူးဆိုရင် ဆီပေပါ ငါးသောင်းအထက် ကုန်နိုင်တယ်" လို့ ပြောပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေမှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းသုံး စက်ယန္တရားမျိုးစုံ အစီးရေ ၁ သောင်းခွဲနီးပါးရှိပြီး၊ အဲဒီထဲက စက်ယန္တရား ၈၀ ရာခိုင်နှုန်းဟာ တရားမဝင်ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေမှာ အသုံးပြုနေတာ ဖြစ်ပါတယ်။ 

မြန်မာပြည်ကို တင်သွင်းနေတဲ့ လောင်စာဆီအားလုံးရဲ့ ၂၀ ရာခိုင်နှုန်းနီးပါးဩာ ဖားကန့်ဒေသက တရားမဝင်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေမှာ အသုံးပြုနေတယ်လို့ ဆီလုပ်ငန်းရှင်တဦးက သူအမြင်ကို ပြောပါတယ်။

"ကိုမတ်စု 777 တစီးက တညကို ဆီနှစ်ပေပါနီးပါး ကုန်တယ်ဗျာ။ အဲလိုမြေသယ်ကားအစီးရေ ရာပေါင်းများစွာရှိတယ်။ တခြားယန္ရယားတွေ အများမှအများကြီးကျန်သေးတယ်။ တညတည လောင်စာဆီဂါလန်ပေါင်း သိန်းချီမကုန်ဘဲနဲ့ ဒီလုပ်ငန်းဘယ်လိုမှ လည်ပတ်လို့မရဘူး။" 

အများပြည်သူကို လောင်စာဆီတွေ ရောင်းမပေးတော့တာကြောင့် ဖားကန့်-မန္တလေး ပြေးဆွဲနေတဲ့ ခရီးသည်ယဉ်တွေနဲ့ ကုန်တင်ယဉ်တချို့လည်း ဖားကန့်-မန္တလေး၊ မန္တလေး-ဖားကန့် ခရီးတွေကို ဆက်မသွားနိုင်ဘဲ လမ်းခုလပ်တွေမှာ ကားတွေ ထိုးရပ်ထားရတယ်လို့ သိရပါတယ်။

"မနေ့ညက ဖားကန့်ကနေ မိုးညှင်းရောက်တယ်။ ဒီမနက် မိုးညှင်းမှာ ဘာဆီမှထည့်လို့မရဘူး။ ဘယ်မှဆက်သွားလို့လည်း မရတော့ဘူး၊ ခရီးသည်တွေလည်း စောင့်နိုင်ရင် စောင့်၊ မစောင့်နိုင်လည်း မတတ်နိုင်ဘူး" လို့ ဖားကန့်-မန္တလေး ခရီသည်တင်ယဉ်မောင်းတဦးက ပြောပါတယ်။

တရားမဝင် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေမှာသာ လောင်စာဆီတွေ အလျှံပယ်သုံးစွဲနေနိုင်ပေမဲ့ ဖားကန့်ဒေသခံပြည်သူတွေက 95 ဓာတ်ဆီတလီတာ ငါးထောင်နီးပါးနဲ့ ပရီမီယံဒီဇင်တလီတာကို ကျပ်လေးထောင့်ငါးရာနီးပါး ဈေးပေါက်နေပေမဲ့ ဝယ်ယူသုံးစွဲလို့မရ ဖြစ်နေပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသက ကျောက်စိမ်းမှော်တွေဖြစ်တဲ့ ကံဆီး၊ အောင်ဘာလေ၊ ဆန်ခါ၊ ဖဝါ၊ ငိုးပင်း၊ ကုဋေ၊ မှော်စီစာ၊ အောင်သာယာ၊ ဆောင်းချိန်၊ မော်ဝမ်းကြီး၊ မော်ဝမ်းလေး၊ မော်မောင်းလျှံ၊ ဗလခ၊ တောင်ပြို၊ ရှရော်ခ၊ စဗျိခူး၊ မန၊ ဆိုင်းဂျာဘွမ်၊ မက်လင်ချောင်၊ မမုံ၊ ဖားပြင်၊ ဘဇံချောက်၊ စပေါ့၊ ချောင်းဖျား၊ ကရင်ချောင်၊ တောင်းကော့၊ ကောင်စံ၊ နမ့်မှော်၊ ရှမ်းကုန်း စတဲ့မှော်အနှံ့မှာ တရားမဝင်ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတာပါ။ 

မြန်မာနိုင်ငံတဝန်းရှိ မြေပေါ်မြေအောက် ဓာတ်သတ္ထုအရိုင်းတူးဖော်မှု ခွှင့်ပြုမိန့်လိုင်စင်တွေဟာ ၂၀၂၁ ခုနှစ်ကတည်းက အားလုံး သက်တမ်းကုန်ဆုံးခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013