DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီအကျိုးပြု ကျောက်မျက်လုပ်ငန်းရှင် ၄၀ ကျော်ကို NUG က အမည်ပျက်စာရင်းသွင်း 
DVB
·
December 9, 2023
စစ်ကောင်စီအကျိုးပြု ကျောက်မျက်လုပ်ငန်းရှင် ၄၀ ကျော်ကို NUG က အမည်ပျက်စာရင်းသွင်း 
Donate to DVB

အကြမ်းဖက်စစ်ကောင်စီကို အကျိုးပြုနေတဲ့ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်း ရှင်များအသင်း (Myanmar Gems and Jewellery Entrepreneurs Association) ဥက္ကဋ္ဌ အပါအဝင် လုပ်ငန်းရှငအဖွဲ့ဝင် ၄၀ ကျော်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အမည် ပျက်လုပ်ငန်းရှင်စာရင်း သွင်းလိုက်ပါတယ်။

NUG အစိုးရ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက စစ်အုပ်စု လက်အောက်ခံ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းကို ဖျက်သိမ်းကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ထုတ်ပြန်ကြေညာခဲ့တာပါ။ 

အဆိုပါ ကြေညာချက်မှာတော့ စီးပွားရေးလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းတခုဟာ အများပြည် သူအကျိုးကို ဦးစားပေးရမှာဖြစ်ပေမယ့် အခုအခါမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ တရားဝင်မှုနဲ့ အခွန်၊ ဒါမှမဟုတ် အကျိုးအမြတ် စတာတွေအပေါ် တနည်းတလမ်း အကျိုးပြုနေတယ်လို့ NUG အစိုးရက သုံးသပ်ခဲ့ပြီးတော့ အမိန့်ကြေညာချက်တွေနဲ့ အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် လိုက်နာခဲ့ခြင်း မရှိခဲ့တာကြောင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းနဲ့တကွ လက်အောက်ခံ အသင်းခွဲတွေကို ဖွဲ့စည်းပုံနဲ့တကွ ဖျက်သိမ်းလိုက်တာလို့ ဆိုပါတယ်။

ဒီအမိန့်ဟာ လုပ်ငန်းရှင်တဦးချင်းရဲ့ ပိုင်ဆိုင်မှုနဲ့ အကြမ်းဖက်ကောင်စီနဲ့ တိုက်ရိုက် မပတ်သက်တဲ့၊ အကျိုးစီးပွားအားဖြင့် ဆက်နွှယ်မှုမရှိတဲ့ လုပ်ငန်းဆောင်ရွက်မှုအပေါ် အကျိုးသက်ရောက်မှု မရှိစေရဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ခုလတ်တလော အမည်ပျက် လုပ်ငန်းရှင်စာရင်းသွင်းထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းနဲ့တကွ ရန်ကုန်နဲ့ မန္တလေးအသင်းတွေက  ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေ၊ အတွင်းရေးမှူးတွေအပါအဝင် စစ်ကောင်စီအကျိုးပြု လုပ်ငန်တွေမှာ ဆက်စပ်ပါဝင်နေသူတွေကို အမည်၊ ရာထူးတွေနဲ့တကွ ဖော်ပြထားတာပါ။

ဒီစာရင်းမှာ မပါဝင်သေးတဲ့ အဆိုပါအဖွဲ့အစည်းအသီးသီးရဲ့ ဗဟိုအလုပ်အမှုဆောင်တွေ၊ အလုပ်အမှုဆောင်တွေ အနေနဲ့လည်း ဆက်လက်လုပ်ဆောင်နေပါက အမည်ပျက်လုပ် ငန်းရှင်စာရင်းမှာ ထည့်သွင်းအရေးယူသွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ဟာ တနှစ်ကို ဒေါ်လာ ၂ ဘီလီယံ တန်ဖိုးရှိတဲ့ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းကို လက်ဝါးကြီး အုပ်ထားပါတယ်။

စစ်တပ်ရဲ့ ကိုယ်ပိုင်လုပ်ငန်းတွေ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရဝန်ကြီးဌာနတွေကို ထိန်းချုပ်ကာ တရားဝင်ရော တရားမဝင်ပါ ကုန်သွယ်မှုပြုလုပ်နေပြီး စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာမရှိတဲ့ နယ်မြေတွေကိုလည်း ကုန်သွယ်ရေးလမ်းကြောင်း‌တွေ ထိန်းချုပ်ကာ မြန်မာစစ်တပ်ဟာ စစ်တပ်မိသားစုဝင်တွေရဲ့ စီးပွားရေးအကျိုးအမြတ်တွေကတဆင့် ကျောက်မျက်ရတနာလုပ်ငန်းက ဝင်ငွေတွေကို နည်းလမ်းမျိုးစုံနဲ့ ထုတ်ယူနေပါတယ်။

ဒီလိုရရှိလာတဲ့ ငွေတွေကို မြန်မာစစ်တပ်က လက်နက်ကိရိယာတွေဝယ်ဖို့နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ရန်ပုံငွေတွေအနေနဲ့ အသုံးပြုနေတာလို့ ဘားမား ကမ်ပိန်းယူကေ အဖွဲ့က ဝေဖန်ထောက်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013