DVB Logo
Home
နိုင်ငံတကာ
ရုရှားသမ္မတပူတင် ရွေးကောက်ပွဲထပ်ဝင်ပြိုင်မည်
DVB
·
December 9, 2023
ရုရှားသမ္မတပူတင် ရွေးကောက်ပွဲထပ်ဝင်ပြိုင်မည်
Donate to DVB

ရုရှားသမ္မတ ဗလာဒီမာပူတင်က ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ထပ်မံ အရွေးခံမယ်လို့ ယူကရိန်းနိုင်ငံထဲမှာ တိုက်ပွဲဝင်ခဲ့တဲ့ စစ်သားတွေကို ဒီဇင်ဘာ ၈ ရက်က ပြောခဲ့ပါတယ်။

KGB ထောက်လှမ်းရေးဟောင်း ပူတင်ရဲ့  အခုလိုပြောဆိုချက်ဟာ အနည်းဆုံး ၂၀၃၀ ပြည့်နှစ်အထိ သမ္မတ အာဏာဆက်ရှိနေစေမယ့် လှုပ်ရှားမှုတရပ်လည်းဖြစ်ပါတယ်။

သမ္မတပူတင်ဟာ ၂၀၂၄ ခုနှစ်မှာ နောက်ထပ် ၆ နှစ် သမ္မတသက်တမ်းသစ်အတွက် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ကရင်မလင် သမ္မတနန်းတော်ရဲ့ ဂီယော်ဂီဗ်စကီ ခန်းမထဲကနေ ပြောနေတဲ့ ရုပ်သံဖိုင်ကို ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြားက သောကြာနေ့မှာ ထုတ်လွှင့်ခဲ့ပါတယ်။

“မတူညီတဲ့ အချိန်တွေမှာ မတူညီတဲ့အတွေးတွေ ရှိခဲ့ဖူးတာကို ဖုံးကွယ်ထားမှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ အခုချိန်မှာ ဆုံးဖြတ်ချက် တစ်ခုချဖို့ အချိန်ရောက်နေပါပြီ” လို့  ပူတင်က စစ်ဘက်အရာရှိ အာတီယွန်ယိုဂါနဲ့ တခြား စစ်သည်တွေကို ပြောပါတယ်။

ရုရှားသမ္မတရဲ့ ဆုံးဖြတ်ချက်ကို ရုရှားမြို့တော် မော်စကိုရှိ ရုရှားနိုင်ငံသားတချို့က ထောက်ခံခဲ့ကြပါတယ်။

မော်စကိုဒေသခံက"ဗလာဒီမာဗလာဒီမာရိုဗစ် ပူတင်ထက် ပိုကောင်းတဲ့ ကိုယ်စားလှယ်မရှိပါဘူး။ ကျနော် စိတ်ကူးယဉ်လို့ မရပါဘူး။ ဒီသမ္မတလောင်း အတွက်ပဲ မဲပေးမှာပါ"လို့ ပြောပါတယ်။

ယူကရိန်းနိုင်ငံ မြို့တော်ကိယက်ဗ် က မြို့ခံတွေကတော့ ဗလာဒီမာပူတင်ရဲ့ ကြေညာချက်ကြောင့် မအံ့သြပေမဲ့ သူပြန်ရွေးကောက်ခံရရင် စစ်ပွဲကို အမြန်အဆုံးသတ်နိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး နျူကလီးယားခေါင်းဆောင်အဖြစ် ကရင်မလင်နန်းတော်မှာ အနည်းဆုံး နောက်ထပ် ၆ နှစ် ဆက်နေဖို့ ရည်မှန်းကြောင်း ကြေညာချိန်မှာ ပူတင်ဟာ တီဗီကင်မရာကိုတောင် မကြည့်ဘဲ ပြောခဲ့တာပါ။

ဘောရစ်ယဲ့လ်ဆင်က ၁၉၉၉ ခုနှစ်နောက်ဆုံးနေ့မှာ သမ္မတ တာဝန်ပေးအပ်ခံရတဲ့ ပူတင်ဟာ ဂျိုးဆက်ဖ်စတာလင်ရဲ့ သမ္မတသက်တမ်းကို ကျော်လွန်ပြီး တခြား ရုရှားခေါင်းဆောင်တွေထက် ပို သက်တမ်းအကြားဆုံး  သမ္မတ ဖြစ်လာနေပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013