DVB Logo
Home
မြန်မာသတင်း
ပလက်ဝတွင် ဝန်ထမ်းအိမ်ရာက ကလေးငယ် ၁ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရ
DVB
·
December 8, 2023
ပလက်ဝတွင် ဝန်ထမ်းအိမ်ရာက ကလေးငယ် ၁ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရ
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းက စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဆေးရုံဝန်ထမ်းအိမ်ရာက ကလေးငယ်တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပလက်ဝမြို့နယ် အခြေစိုက် ခလရ ၂၈၉ တပ်ရင်းက ဒီဇင်ဘာ ၈ ရက် မနက် ၁၀ နာရီ ၄၈ မိနစ်လောက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ဆေးရုံဝန်ထမ်းအိမ်ရာမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ဝန်ထမ်းအဆောင်ရဲ့ခေါင်မိုး ပွင့်ထွက်သွားတယ်လို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ပလက်ဝ ပြည်သူ့ဆေးရုံဝန်ထမ်း တယောက်ရဲ့ အသက် ၆ နှစ်အရွယ် သမီးလေးတယောက်ကို လက်နက်ကြီးကျည်စ ထိမှန်ပြီး ခြေထောက်မှာ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကလေးငယ်ကိုတော့ ပလက်ဝပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသတာတွေ ပြုလုပ်ပေးထားကြတယ်လို့ ပြောပါတယ်။

ပလက်ဝမြို့နယ်မှာ ဒီဇင်ဘာ ၄ ရက် ညနေ ၄ နာရီလောက်ကလည်း စစ်ကောင်စီဘက်က Mi35 တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ ကျေးရွာတွေကို ရမ်းကားပစ်ခတ်ခဲ့လို့ ပြည်သူတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013