DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားများအတွက် နေထိုင်လုပ်ကိုင်ခွင့်သက်တမ်း ၂၀၂၅ ခုနှစ်အထိ တိုးမြှင့် 
DVB
·
December 8, 2023
ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားများအတွက် နေထိုင်လုပ်ကိုင်ခွင့်သက်တမ်း ၂၀၂၅ ခုနှစ်အထိ တိုးမြှင့် 
Donate to DVB

ထိုင်းနိုင်ငံမှာ ယာယီနေထိုင်လုပ်ကိုင်ခွင့် (ပန်းရောင်ကတ်) လုပ်ဖို့ လျှောက်ထားတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်အရ  ၂၀၂၃ အောက်တိုဘာ ၁ ရက်ကနေ  ၂၀၂၅ ဖေဖော်ဝါရီ ၁၃ ရက်ထိ  နေထိုင်ခွင့်သက်တမ်း တိုးမြှင့်ပေးခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

အလုပ်သမားတွေအနေနဲ့ ၂၀၂၄ ဇန်နဝါရီ ၁၅ ရက်မတိုင်ခင် အလုပ်သမားကတ် လျှောက်ထားခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနဲ့ ကျန်းမာ‌ရေးအာမခံတွေ အပြီးလုပ်ထားရမယ်လို့ ဆိုပါတယ်။ 

ဒီအတွက် ကုန်ကျငွေမှာ အနည်းဆုံး ထိုင်း ဘတ် ၂၉၄၀ မှ ၃၅၅၀ ဖြစ်ပြီး အဲဒီထဲမှာ အလုပ်သမားကတ်အတွက် ၁၄၅၀ ဘတ်၊ ကျန်းမာရေးစစ်ခ ဘတ် ၅၀၀ ၊ ကျန်းမာရေးအာမခံ ၁ နှစ်စာ ဘတ် ၁၆၀၀ (  ပုဂ္ဂလိကကုမ္ပဏီနဲ့အာမခံပါက ၆ လစာ ဘတ် ၉၉၀ ) ဝယ်ရမှာ ဖြစ်ပါတယ်။ 

အလုပ်သမားကတ်နဲ့ ကျန်းမာရေးအာမခံကတ်လုပ်ပြီးပါက ၂၀၂၄ အောက်တိုဘာ ၃၁ ရက်မတိုင်ခင် သက်ဆိုင်ရာက ကိုယ်ရေးရာဇဝင်ကောက်ယူခြင်း၊ လဝကရုံးမှာ ဗီဇာထုတ်ပေးခြင်းတွေပြုလုပ်ပြီး CI ( မည်သူမည်ဝါဖြစ်ကြောင်း ) စာအုပ်စိမ်း ဒါမှမဟုတ် ပတ်စ်ပို့ ဆက်လက်လျှောက်ထားရမယ်လို့ဆိုပါတယ်။

မြန်မာတာဝန်ရှိသူတွေဘက်က CI အစိမ်းရောင်ကတ် ထုတ်ပေးရေးစခန်း ၅ ခု နဲ့ အလုပ်သမား တွေရှိရာနေရာတွေကို Mobile Team နဲ့  ကွင်းဆင်းဆောင်ရွက်ပေးသွားမှာဖြစ်ပြီး အလုပ် သမားတွေအနေနဲ့  လုပ်ငန်းခွင်မပျက် အထောက်အထားလျှောက်ထားနိုင်ကာ အလုပ်ရှင် တွေလည်း လုပ်ငန်းအရှိန်မပြတ်လည်ပတ်နိုင်မယ်၊ ပွဲစားတွေရဲ့ အမြတ်ထုတ်မှုလည်း ကာကွယ်ပြီးသားဖြစ်သွားမယ်လို့တာဝန်ရှိသူတွေကပြောကြောင်း သတင်းမှာ ဖော်ပြသွားတယ်။ 

ထိုင်း- မြန်မာ နှစ်နိုင်ငံ အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်ရေးအတွက် စစ်ကောင်စီခန့် မြန်မာအလုပ်သမားဝန်ကြီး ဦးမြင့်နောင်နဲ့ အဖွဲ့ဟာ ထိုင်းနိုင်ငံကို ရောက်ရှိနေတယ်လို့လည်း ဆိုပါတယ်။

အလုပ်သမားဝန်ကြီးနဲ့  ထိုင်းနိုင်ငံဆိုင်ရာ စစ်ကောင်စီ သံအမတ်တို့ဟာ ဒီဇင်ဘာ ၇ ရက် က ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီမြို့ရှိ Asian Seafoods ပင်လယ်စာစက်ရုံကို သွားရောက်ခဲ့ပြီး အဆိုပါစက်ရုံရှိ မြန်မာလုပ်သားတွေနဲ့တွေ့ဆုံကာ မိမိလစာရဲ့  ၂၅ ရာနှုန်းကို သက်ဆိုင်ရာမိသားစုထံလစဉ်ပေးပို့ဖို့ စည်းရုံးပြောကြားခဲ့ပါတယ်။

စစ်ကောင်စီ ကိုယ်စားလှယ်တွေဟာ မြန်မာအလုပ်သမားတွေကို ဖုန်းနဲ့အလွယ်တကူငွေလွှဲခြင်း၊ အခွန် ၂ ရာခိုင်နှုန်း၊ ဒစ်ဂျစ်တယ်လ်စနစ်နဲ့ မှတ်ပုံတင်ခြင်း စတဲ့အကြောင်းအရာတွေကို သရုပ်ပြရှင်းလင်းခဲ့ပါတယ်။

ဒါ့အပြင် ဆူရတ်ဌာနီမှာ CI (မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ) ထုတ်ပေးရေး စခန်းဖွင့်မယ့်နေရာကိုလည်း စစ်ဆေးကြည့်ရှုခဲ့တယ်လို့  ဒီနေ့ထုတ်သတင်းစာတွေမှာ ပါရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013