DVB Logo
Home
နိုင်ငံတကာ
သြစတြေးလျက တောင်ကိုရီးယားမှ တိုက်ခိုက်ရေးယာဉ် ၁၂၉ စီး ဝယ်ယူ
DVB
·
December 8, 2023
သြစတြေးလျက တောင်ကိုရီးယားမှ တိုက်ခိုက်ရေးယာဉ် ၁၂၉ စီး ဝယ်ယူ
Donate to DVB

သြစတြေးလျဟာ ဝမ် ၃ ဒသမ ၁၆ ထရီလီယံ (ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ) တန်ဖိုးရှိ ရဒ်ဘက်ခ် ခြေလျင်တိုက်ခိုက်ရေးယာဉ် ၁၂၉ စီးကို ၂၀၂၈ ခုနှစ်မှာ လက်ခံရရှိဖို့ တောင်ကိုရီးယားနိုင်ငံ ဟန်ဟွာ လေကြောင်းအာကာသဌာနနဲ့ စာချုပ် ချုပ်ဆိုခဲ့ကြောင်း ဒီဇင်ဘာ ၈ ရက်မှာ ပြော လိုက်ပါတယ်။

သြစတြေးလျဟာ ဇူလိုင်လမှာ စုစုပေါင်း ဩစတြေးလျဒေါ်လာ ၇ ဘီလီယံ (ဒေါ်လာ ၄ ဒသမ ၆၂ ဘီလီယံ) တန်တဲ့ စီမံကိန်းအတွက် ဟန်ဟွာကို ရွေးချယ်ခဲ့ပြီးနောက်မှာ အခုလို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

အဲဒီမော်တော်ယာဉ်တွေဟာ သြစတြေးလျ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည် မြှင့်တင်ရာမှာ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်မှာဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် ရစ်ချတ်မားလ်စ်က ဂျလောင်းမြို့ရှိ မော်တော်ယာဥ်တွေ ထုတ်လုပ်မယ့်နေရာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒါဟာ ဩစတြေးလျအတွက်  ဒီနေ့အထိ စစ်တပ်စွမ်းဆောင်ရည်အတွက် တခုတည်းသော အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဲဒီစီမံကိန်းဟာ တိုက်ရိုက်အလုပ်အကိုင် ၁,၈၀၀ အပါအဝင် အလုပ်အကိုင်ပေါင်း ၂,၁၀၀ လောက်ကို ထောက်ပံ့ပေးနိုင်ဖို့ မျှော်လင့်ထားပြီး ပထမဆုံး မော်တော်ယာဉ်တွေကို ၂၀၂၇ ခုနှစ်မှာ စတင်ပို့ဆောင်ပေးမှာဖြစ်ကြောင်း ဩစတြေးလျ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဆိုထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013