DVB Logo
Home
မြန်မာသတင်း
တောင်ကိုရီးယားသို့ တားမြစ်ပစ္စည်းသယ်လာပါက ဝမ်သိန်း ၁၀၀ ဒဏ်ရိုက်ခံရနိုင်ဟု စစ်အာဏာရှင် သံရုံးသတိပေး
DVB
·
November 13, 2026
Photo: Myanmar Embassy, Seoul
Photo: Myanmar Embassy, Seoul
Donate to DVB

တောင်ကိုရီးယားနိုင်ငံကို လာတဲ့အခါ တားမြစ်ထားတဲ့ ပစ္စည်းတွေကို သယ်ဆောင်လာရင် ကိုရီးယားဝမ်ငွေ ၁၀ သိန်းကနေ သိန်း ၁၀၀ အထိ ဒဏ်ငွေ ချမှတ်ခံရနိုင်တယ်လို့ စစ်အာဏာရှင် လက်အောက်ခံ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။

တောင်ကိုရီးယားနိုင်ငံကို ပြည်ပအလုပ်အကိုင်အေဂျင်စီကတဆင့် EPS စနစ်နဲ့ အလုပ်လုပ်ကိုင်ဖို့ လာရောက်တဲ့ မြန်မာနိုင်ငံသားတွေ ပြည်ဝင်ခွင့် အဆင်ပြေစေဖို့အတွက် ဆိုးလ်မြို့မှာရှိတဲ့ သံရုံးက အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သွားရောက်ကူညီဆောင်ရွက်ပေးနေတာပါ။ ဒီလို သွားကူနေရင် တားမြစ်ပစ္စည်းတွေကို တောင်ကိုရီးယားကိုလာဖို့ရှိတဲ့ မြန်မာနိုင်ငံသားတွေ သိရှိနိုင်ဖို့ အသိပေးတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တောင်ကိုရီးယားနိုင်ငံထဲကို အပြင်က သစ်သီးဝလံတွေ၊ မြေဆီလွှာပါတဲ့ အပင်တွေ၊ သားငါးထွက်ကုန်တွေနဲ့ သက်ရှိ တိရစ္ဆာန်တွေ၊ ငါး၊ ကမာ၊ ခရု၊ ပုစွန်၊ ကဏန်း၊ ဖား စတဲ့ ရေထွက်သတ္တဝါ အသားစိုတွေနဲ့ အေးခဲပင်လယ်စာတွေ၊ နွား၊ ဝက်၊ ဆိတ် စတဲ့ အသားစိမ်း၊ အသားခြောက်၊ ဝက်အူချောင်း၊ အမဲအူချောင်းတွေ သယ်ဆောင်လာတာကို တောင်ကိုရီးယားနိုင်ငံ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနဲ့ ကျေးလက်ဒေသရေးရာဝန်ကြီးဌာနက တားမြစ်ထားပါတယ်။

သယ်ယူလာတာကို အသိပေးတင်ပြရင် လိုအပ်တဲ့ စစ်ဆေးတာတွေ ပြုလုပ်ပြီး ခွင့်ပြု၊ မပြု ဆိုတာကို တောင်ကိုရီးယားဘက် တာဝန်ရှိသူက ဆုံးဖြတ်ပါမယ်။ အသိမပေးဘဲ သယ်ဆောင်လာရင် ကိုရီးယားဝမ်ငွေ ၁၀ သိန်းကနေ ဝမ်သိန်း ၁၀၀ အထိ ဒဏ်ငွေချမှတ်ခံရနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

တောင်ကိုရီးယားနိုင်ငံထဲကို အခွန်ကင်းလွတ်ခွင့်နဲ့ အမေရိကန်ဒေါ်လာ ၈၀၀ လောက်ထိ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကိုပဲ သယ်ဆောင်လာခွင့်ပြုထားပြီး အဲဒီထက် ပိုမိုသယ်ဆောင်လာရင် တောင်ကိုရီးယား အကောက်ခွန်ဌာနက အခွန်တိုးမြှင့်ဒဏ်ငွေ ၄၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းအထိ ချမှတ်ခံရနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်အာဏာရှင်လက်အောက်ခံ အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီကတဆင့် EPS စနစ်နဲ့ တောင်ကိုရီးယားနိုင်ငံကို Re-Entry ကုန်ထုတ်လုပ်သား၊ ကျွမ်းကျင်ဂဟေလုပ်သား၊ ကုန်ထုတ်လုပ်သားအသစ်၊ CBT လုပ်သား၊ စိုက်ပျိုး/မွေးမြူရေး လုပ်သားအသစ်နဲ့ ဆောက်လုပ်ရေး လုပ်သားအသစ်တွေကို အဓိက စေလွှတ်နေတာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံကို လာဖို့ရှိတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သွင်းကုန်ဆိုင်ရာတားမြစ်ချက်တွေနဲ့ ပတ်သက်ပြီး လမ်းညွှန်ချက်ကို https://www.airport.kr/ap_en/1443/subview.do  ဝက်ဘ်ဆိုက် Link ကနေ ဝင်ရောက်လေ့လာ ဖတ်ရှုနိုင်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013