DVB Logo
Home
မြန်မာသတင်း
နမ့်ခမ်းတွင် စစ်တပ်ကလေကြောင်းဗုံးကြဲ၊ ကလေးငယ်အပါအဝင် မိသားစုဝင် ၅ ဦး သေဆုံး
DVB
·
December 7, 2023
နမ့်ခမ်းတွင် စစ်တပ်ကလေကြောင်းဗုံးကြဲ၊ ကလေးငယ်အပါအဝင် မိသားစုဝင် ၅ ဦး သေဆုံး
1 / 5
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့မှာ စစ်ကောင်စီက ဒီနေ့ လေကြောင်းကနေ ဗုံးကြဲတာကြောင့် အသက် ၅ နှစ်အရွယ် ကလေး ၁ ယောက်အပါအဝင် မိသားစုဝင် ၅ ယောက် သေဆုံးခဲ့ပြီး ၄ ယောက် ဒဏ်ရာရသွားပါတယ်။

ဒီဇင်ဘာ ၇ ရက်နေ့အတွက် စစ်ရေးသတင်းတွေကို တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်လာတာဖြစ်ပြီး နမ့်ခမ်းမြို့နယ်၊ ပန်လော်နဲ့ ဟိုနားရွာကို စစ်ကောင်စီတပ်က ဒီနေ့ မနက်အစောပိုင်း ၁၂ နာရီခွဲလောက်က ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးတလုံးဟာ ဟိုနားကျေးရွာက နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ယောက် အပါအဝင် မိသားစုဝင် ၅ ယောက်လုံး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသွားသူတွေကတော့ အသက် ၅ နှစ်အရွယ် လွေးအို၊ ၃၅ နှစ်အရွယ် မိုင်းယိုင်လေး၊ ၄၆ နှစ်အရွယ် တာဆွေ၊ အသက် ၅၀ အရွယ် မာခမ်းလီးနဲ့ ၅၆ နှစ်အရွယ် ယားဘာတို့ ဖြစ်ကြပြီး အသက် ၆ နှစ်အရွယ် ကလေးငယ်တယောက်အပါအဝင် ၄ ယောက် ဒဏ်ရရတယ်လို့ ဆိုပါတယ်။

အဲဒီထဲက ၂ ယောက်ဟာ ဒဏ်ရာပြင်းထန်ပြီး ည ၁၂ နာရီအချိန်ကလည်း ပန်လော်ကျေးရွာကို ဗုံးကြဲခဲ့လို့ အိမ် ၇ လုံး ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၆ ရက် မနေ့မနက်ကလည်း ကျောက်မဲမြို့နယ်က စစ်ကောင်စီတပ် ၅၀၁၊ ၅၀၂ ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ကျောက်မဲမြို့၊ အောင်မြေသာယာရပ်ကွက်(ငြိမ်းချမ်းရေးကုန်း)မှာ ကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သားနေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီက အရပ်သားပြည်သူလူထုကို ဦးတည်ပြီး လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြု တိုက်ခိုက်တာ‌တွေကြောင့် ကလေးငယ် ၁၄ ယောက် အပါအဝင် ဒေသခံ ၆၀ ကျော် သေဆုံးခဲ့ပြီး ၁၃၇ ယောက်  ထိခိုက်ဒဏ်ရာရရှိခ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ဒီနေ့ စစ်ရေးသတင်းတွေကတော့ တပ်မဟာ(၂)စစ်ဒေသ၊ မိုင်းလုံမြို့နယ်က စစ်ကောင်စီရဲ့ လယ်ကြီးတပ်စခန်းကို နေ့လယ်ပိုင်းမှာ တအာင်းတပ်မတော် PSLF/TNLA နဲ့ မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ၆၀/၈၀ မမ လက်နက်ကြီးအပါအဝင် လက်နက် ၁၀ လက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ရခဲ့တယ်လို့ ဆိုပါတယ်။

တပ်မဟာ(၃)စစ်ဒေသ၊ မန်တုံမြို့နယ်က စစ်ကောင်စီရဲ့ ခိုမုန်းတပ်စခန်းကို ညနေပိုင်းမှာ ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ပြီး မနက်ပိုင်းကလည်း တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်က စစ်ကောင်စီရဲ့ စခန်းသစ်ကုန်းကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013