DVB Logo
Home
မြန်မာသတင်း
ဆားလင်းကြီး ရဲတပ်သား ၁ ဦးနှင့် ဘုတလင်က ရဲတပ်သား ၁ ဦးတို့ လက်နက်နှင့်အတူ အလင်းဝင်
DVB
·
December 7, 2023
ဆားလင်းကြီး ရဲတပ်သား ၁ ဦးနှင့် ဘုတလင်က ရဲတပ်သား ၁ ဦးတို့ လက်နက်နှင့်အတူ အလင်းဝင်
Donate to DVB

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မရဲစခန်းက ရဲတပ်သားတဦး လက်နက်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်လာတယ်လို့ သမန်းကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

ဒီဇင်ဘာ ၆ ရက် ညပိုင်းမှာ ဆားလင်းကြီးမြို့မရဲစခန်းက ရဲတပ်သားတဦး လက်နက်တွေယူဆောင်ပြီး သမန်းကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်လာခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်သားဟာ အသက် ၂၂ နှစ်အရွယ်ရှိပြီး G3 ၁ လက်၊ MA4 ၁ လက်နဲ့ တခြား ဆက်စပ်ပစ္စည်း ယူဆောင်လာပြီး ကာလတန်ဖိုး ကျပ်သိန်း ၇၀၀ နီးပါးရှိတယ်လို့ သမန်းကျား ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ကျနော်တို့ အနီးအနားရွာက ကလေးတယောက်ကို သိမ်းထားတာ၊ ရဲတွေက အဲ့ဒီကလေးရဲ့ ဖုန်းကို စစ်နေတုန်း ကျနော်တို့နံပါတ်ကိုတွေ့တော့ ဆက်သွယ်ပြီး အလင်းဝင်လာတာ။”

အလင်းဝင် ရဲတပ်သားကို ဆုငွေကျပ်သိန်း ၅၀ ချီးမြှင့်သွားမှာဖြစ်ပြီး သူ့ရဲ့ နေထိုင်စားသောက်ရေးအတွက် MOD နဲ့ ခရိုင်ကွပ်ကဲရေးတို့ကို ချိတ်ဆက်ပြီး စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မှာလည်း ဒီဇင်ဘာ ၆ ရက် နေ့ခင်းပိုင်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တဦး လက်နက်နဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကို အလင်းဝင်ရောက်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

ဘုတလင်မြို့ကနေ လက်နက်အပြည့်အစုံနဲ့ ထွက်ပြေးလာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတဦးကို ပြည်သူ့ကာကွယ်ရေးတပ်က နေ့ခင်း ၁၂ နာရီ ၁၇ မိနစ်မှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

ဘုတလင်မြို့နယ်အဆင့် တာဝန်ရှိသူနဲ့ နီးစပ်သူတဦးက “ကောင်းကောင်းမွန်မွန်နဲ့ သူ့ရဲ့လုံခြုံရေးအတွက်လည်း အပြည့်အဝဖြစ်အောင် စီမံပေးထားပါတယ်ဗျ။ အမည်နဲ့ ကိုယ်ပိုင်အမှတ်တွေကတော့ အခုအချိန်မှာ ပြောပြလို့ မရနိုင်သေးတာကို နားလည်ပေးပါဗျ။ သူနဲ့အတူပါလာတဲ့ ပစ္စည်းအပြည့်အစုံကိုတော့ ကျနော်တို့ဘက်က ထိန်းသိမ်းထားတယ်။ အလင်းဝင်လာတဲ့ စစ်သားကိုတော့ သူဖြစ်ချင်တဲ့ဆန္ဒအတိုင်း ပြုလုပ်ပေးသွားမယ်” လို့ ပြောပါတယ်။

ရဲတပ်သားနဲ့အတူ MA3 တလက်၊ ကျည်အပြည့်ဖြည့်ထားတဲ့ ကျည်ဘောက် ၃ ဘောက်၊ ဓားတလက်၊ လက်ပစ်ဗုံးတလုံး စတဲ့ပစ္စည်းတွေ ပါဝင်တယ်လို့လည်း သိရပါတယ်။

ဘုတလင်မြို့နယ်အတွင်း ဒီဇင်ဘာ ၁ ရက်မှ ၇ ရက် အထိ စစ်ကောင်စီလက်အောက်ခံ ဒုတပ်ကြပ် အပါအဝင် ရဲဘော် ၆ ဦးအထိ အလင်းဝင်ထားပြီး အဆိုပါ ၆ ဦးထဲမှာ စစ်သား ၂ ဦး၊ ရဲ ၄ ဦး ပါဝင်တယ်လို့ မြို့နယ် ပအဖကနေ သိရတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013