DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြစ်အတွင်း တံငါသည်များထံက  စစ်ကောင်စီ လစဥ်ကြေး ကောက်ခံ 
DVB
·
December 7, 2023
ရန်ကုန်မြစ်အတွင်း တံငါသည်များထံက  စစ်ကောင်စီ လစဥ်ကြေး ကောက်ခံ 
Donate to DVB

ရန်ကုန်မြစ်အတွင်း တံငါလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေသူတွေဆီက ရေကြောင်းသွားလာခွင့် ဆိုပြီး သက်သေခံလက်မှတ်တွေကို လစဥ်ကြေးပေးသွင်း လုပ်ကိုင်နေရကြောင်း ရေလုပ်သားတွေဆီက သိရပါတယ်။

အဲဒီ ရေကြောင်းသွားလာခွင့် လက်မှတ်ကိုတော့ နယ်မြေတာဝန်ကျ စစ်ကောင်စီတပ်ရဲ့ တပ်ကြပ်ကြီးအဆင့်ဆိုသူ လက်မှတ်နဲ့ ထုတ်ပေးတာဖြစ်ပြီး လက်မှတ်တစောင်ကို ငွေကျပ် ၇,၀၀၀ ပေးသွင်းရကာ မြစ်အတွင်း တလလုပ်ကိုင်ခွင့်ရှိကြောင်း တံငါသည်တဦးက ပြောပါတယ်။

“သူတို့က ကိုယ်ပိုင်နံပါတ်တွေနဲ့ ထုတ်ပေးထားတာ။ အဲဒီထောက်ခံစာပါမှ ငါး ပုစွန် ဖမ်းလို့ရတယ်။ ရေကြောင်းရဲတွေလည်း ကြောက်စရာ မလိုတော့ဘူး။ ပြီးခဲ့တဲ့လတုန်းက ကျနော်တို့ဆီက နှစ်ယောက် ထောက်ခံချက်မပါလို့ အဖမ်းခံလိုက်ရတယ်။ ရဲက တယောက် သုံးသိန်း တောင်းတယ်။ ပြီးတော့ တရားရုံးတင်တယ်။ တရားရုံးမှာလည်း တယောက် သုံးသောင်းဆီ ဒဏ်ဆောင်လိုက်ရတယ်။”

ရန်ကုန်မြစ်အတွင်း တံငါလုပ်ငန်းနဲ့ ရှာဖွေစားသောက်နေကြတဲ့ ဒလမြို့နယ်နဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ်တွေက ရေလုပ်သားအများစုမှာ ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်နေမှုကြောင့် ငါး/ပုစွန် ရှာဖွေဖမ်းဆီးရာမှာ စစ်ကောင်စီရဲ့ လုံခြုံရေး တင်းကျပ်မှုတွေကြောင့် အရင်ကထက် ဖမ်းဆီးရရှိမှု လျော့နည်းလာ​တယ်လို့ ရေလုပ်သားတွေအကြား ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဒလမြို့နယ်မှ တံငါသည်တဦးက “ပြောရရင်တော့ ကိုယ်လုပ်တာ ကိုယ်မစားရတဲ့ဘဝ ဖြစ်နေတယ်။ တခြားလည်း ရွေးချယ်စရာလမ်း မရှိဘူးလေ။ အခုက ငါးရှာလို့ တရက်မှ တသောင်း တသောင်းခွဲလောက်ပဲ ရတော့တာ။ အလုပ်မလုပ်နိုင်တဲ့နေ့တွေဆိုရင် ရှိတာလေးတွေ ပေါင်နှံချေးငှားပြီး နေရတာပေါ့” လို့ ပြောပါတယ်။

လက်ရှိ ရန်ကုန်မြို့တဖက်ကမ်းက မြို့နယ်တွေမှာလည်း ည ၁၀ နာရီမှ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် သတ်မှတ်ထားတာကြောင့် ကဆုန်လနဲ့ နယုန်လတွေမှာ ညအချိန် ငါး၊ ပုစွန် ဖမ်းဖို့ အဆင်ပြေသူတွေအနေနဲ့ အခက်အခဲတွေ ရှိလာနိုင်ကြောင်း တံငါလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013