DVB Logo
Home
မြန်မာသတင်း
ကန်ဇွန်းမရဲစခန်းကို PDF တိုက်ခိုက်သိမ်းပိုက်သည့် မှတ်တမ်း NUG ထုတ်ပြန်(ရုပ်သံ) 
DVB
·
December 7, 2023
ကန်ဇွန်းမရဲစခန်းကို PDF တိုက်ခိုက်သိမ်းပိုက်သည့် မှတ်တမ်း NUG ထုတ်ပြန်(ရုပ်သံ) 
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ကန်ဇွန်းမ ရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့ တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်မနက် ၆ နာရီက အမှတ်(၁) စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေး အစီအစဉ်နဲ့ ပခုက္ကူခရိုင်အမှတ် (၄၊၁၁၊၁၉) တပ်ရင်းတွေ၊ မင်းဘူးခရိုင်အမှတ် (၁၊ ၂၊ ၄၊ ၅၊ ၆၊ ၇) တပ်ရင်းတွေ၊ Myanmar Defence Force (MDF)၊ ချောက် PDF သခင်ဖိုးလှကြီး တပ်ခွဲ ပူးပေါင်းအင်အားတွေက ဝင်ရောက်စီးနင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၉ ယောက်နဲ့ ရဲ ၂ ယောက် သေဆုံးကာ ၁၅ ယောက်လောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ပူးပေါင်း တပ်ဖွဲ့တွေဟာ စခန်းတွင်းထိ ဝင်ရောက် စီးနင်းကာ နယ်ထိန်းအိမ်နဲ့တကွ အဆောက်အဦတချို့ကိုလည်း မီးရှို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ဒီဇင်ဘာ ၅ ရက် နေ့လယ်  ၂ နာရီခွဲလောက်ကလည်း ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ကျွန်းချောင်းရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၅၀ခ လောက်ပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းကို ပခုက္ကူခရိုင် အမှတ်(၁၉) တပ်ရင်းက မိုင်းနဲ့ လက်နက်ကြီး ပေါင်းစပ်အသုံးပြုတိုက်ခိုက်ခဲ့ရာ ရန်သူ့ဘက်က အထိအခိုက်များခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတဝန်းမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013