DVB Logo
Home
မြန်မာသတင်း
မိုင်းလုံမြို့ရှိ စစ်ကောင်စီတပ်စခန်းကို TNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
DVB
·
December 6, 2023
မိုင်းလုံမြို့ရှိ စစ်ကောင်စီတပ်စခန်းကို TNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျော​က်မဲမြို့နယ်၊ မိုင်းလုံမြို့ရှိ စစ်ကောင်စီတပ် အထိုင်စခန်းကို TNLA ပူးပေါင်းတပ်က ဒီဇင်ဘာ ၅ ရက် ည ၈ နာရီမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်တပ်က လေယာဥ်နဲ့ နှစ်​ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းလုံမြို့ရှိ စစ်ကောင်စီတပ် အထိုင်စခန်းကို ဒီဇင်ဘာ ၅ ရက် မနက် ၅ နာရီက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ည ၈ နာရီမှာ စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဒေသခံတဦးက “တိုက်ပွဲပြီးသွားပါပြီ၊ မိုင်းလုံကို TNLA တို့ ထိန်းချုပ်သွားနိုင်ပါပြီ။ အထက်ရပ်ကွက်ဘက် လူတွေကိုတော့ လေယာဉ်နဲ့ ပြန်လာတိုက်မှာစိုးလို့ဆိုပြီး TNLA တို့က ရပ်ကွက်ပြည်သူတွေကို ရှောင်ထားခိုင်းပါတယ်။ ဒီနေ့မနက်တော့ ပေါက်ကွဲသံနှစ်ချက် ကြားလိုက်သေးတယ်” လို့ ပြောပါတယ်။

မိုင်းလုံမြို့က ၁၈ မိုင်တံတားလည်း မိုင်းဖောက်ခွဲခံရပြီး ပျက်စီးကျိုးသွားတာကြောင့် သွားလာလို့ မရဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

မြို့ခံတဦးက“၁၈ မိုင်တံတား ကျိုးသွားပြီ။ စစ်တပ်က ညတုန်းက စခန်းထဲကနေ အကုန် အလံ​ဖြူထောင် ထွက်ပြေးကြတာ။ ည ၈ နာရီမှာပဲ တိုက်ပွဲပြီးသွားတာ၊ အခုတော့ အေးဆေးပဲ” လို့ ပြောပါတယ်။

မိုင်းလုံမြို့ အထက်ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီတပ် အထိုင်စခန်း တိုက်ခိုက်ခံနေရချိန်မှာ စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့တဲ့အပြင် အမျိုးသမီးတဦးလည်း ဝမ်းဗိုက်ထိဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မိုင်းလုံတပ်စခန်းကို TNLA ပူးပေါင်းတပ်က ဝင်ရောက်သိမ်းပိုက်ချိန်မှာ စစ်တပ်က တပ်ပျက်ပြီး ကစဥ့်ကလျား ထွက်ပြေးခဲ့ကြတဲ့အပြင် စစ်တပ်ဘက်က ၈၀ မမ၊ ၆၀ မမ လက်နက်ကြီး အပါအဝင် လက်နက် ၁၃ လက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013