DVB Logo
Home
နိုင်ငံတကာ
အမေရိကန်နှင့် ဆွီဒင် ကာကွယ်ရေးဝန်ကြီး ၂ ဦး တွေ့ဆုံ
DVB
·
December 6, 2023
အမေရိကန်နှင့် ဆွီဒင် ကာကွယ်ရေးဝန်ကြီး ၂ ဦး တွေ့ဆုံ
Donate to DVB

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင်နဲ့ ဆွီဒင်ကာကွယ်ရေးဝန်ကြီး ပါလ်ဂျွန်ဆင် တို့ဟာ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်မရေးထိုးခင် ဒီဇင်ဘာ ၅ ရက်က ပင်တဂွန်မှာ တွေ့ဆုံခဲ့ကြပါတယ်။

တွေ့ဆုံချိန်အတွင်း ၂ နိုင်ငံစလုံးဟာ အပြန်အလှန်သင်ယူမှု၊ ကာကွယ်ရေးစွမ်းရည်တွေ တည်ဆောက်မှုနဲ့ အပြန်အလှန် ပူးပေါင်းလုပ်ဆောင်နိုင်မှု အားကောင်းလာစေရေးတို့ကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အော်စတင်က ပြောကြားခဲ့ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင်က“ဒီနေ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးသွားမှာဖြစ်ပြီး ဂုဏ်ယူစရာကောင်းတဲ့ ဒီမိုကရေစီနိုင်ငံနှစ်ခုကြား ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးအတွက် တူညီတဲ့ ကတိကဝတ်ကို ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဆွီဒင်ဟာ လုံခြုံရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီ ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ ပေးအပ်ခြင်း အပါအဝင် ရုရှားရဲ့ ရန်လိုမှုကို တိုက်ဖျက်နေချိန်မှာ ယူကရိန်းကို အားပေးကူညီရာမှာ ထူးချွန်ပြောင်မြောက်တဲ့ ခေါင်းဆောင်မှုကို ပြသခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြီးတော့ ဆွီဒင် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စွမ်းဆောင်ရည်တွေကို သမိုင်းမှာ အကြီးကျယ်ဆုံး ခံစစ်မဟာမိတ်ဖြစ်တဲ့ နေတိုးထဲကို ပေါင်းထည့်လိုက်တာနဲ့ ပိုတောင် အားကောင်းလာမှာပါလို့လည်း အော်စတင်က ပြောပါတယ်။

ဆွီဒင်ကာကွယ်ရေးဝန်ကြီး ပါလ် ဂျွန်ဆင်ကလည်း “နေတိုးအဖွဲ့ကို ပူးပေါင်းဖို့ အမေရိကန်က နိုင်ငံရေးနဲ့ စစ်ရေးအရ အထောက်အပံ့တွေ အများကြီး ပေးခဲ့ပြီးတော့ အမေရိကန်ရဲ့ လျင်မြန်တဲ့ နိုင်ငံရေးအတည်ပြုချက်နဲ့ ထောက်ခံမှုဟာ တကယ်ကို တန်ဖိုးမဖြတ်နိုင်ခဲ့တဲ့အတွက် ကျေးဇူးတင်ရှိကြောင်း” ပြောပါတယ်။

DCA ကို ဒီကနေ့ လက်မှတ်ရေးထိုးလိုက်တာဟာ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို အတူတကွ ကိုင်တွယ်ဖြေရှင်းကြဖို့ ကတိကဝတ်ပြုထားတဲ့ ခိုင်မာတဲ့ အချက်ပြမှု ဖြစ်ကြောင်းလည်း သူကဆိုပါတယ်။

နော်ဒစ်နိုင်ငံဟာ နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ တူရကီနဲ့ ဟန်ဂေရီထံမှ အတည်ပြုချက်ကို စောင့်ဆိုင်းနေချိန်မှာပဲ စစ်ရေးမဟာမိတ်တွေ အားကောင်းလာတာကြောင့် ဒီသဘောတူညီချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဆွီဒင်ရဲ့ နေတိုးအဖွဲ့ဝင်အဖြစ် အတည်ပြုချက်အပေါ် ဟန်ဂေရီက တွန့်ဆုတ်နှောင့်နှေးအောင် လုပ်နေခဲ့မှုနဲ့ ယူကရိန်းစစ်ပွဲ ဖြစ်နေပေမဲ့ ဝန်ကြီးချုပ် ဗစ်တာအော်ဘန်နဲ့ မော်စကိုရဲ့ နွေးထွေးတဲ့ ဆက်ဆံရေးကိစ္စတို့ကြောင့် ဘူဒါပက်စ်နဲ့ ဝါရှင်တန်ကြား ဆက်ဆံရေး ယိုယွင်းခဲ့တာ ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013