DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်ကို ရုရှားသမ္မတပူတင်က ဘွဲ့တံဆိပ်ချီးမြှင့်
DVB
·
December 6, 2023
စစ်ခေါင်းဆောင်ကို ရုရှားသမ္မတပူတင်က ဘွဲ့တံဆိပ်ချီးမြှင့်
Donate to DVB

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ကို  ရုရှားသမ္မတ ဗလာဒီမာပူတင်က ဘွဲ့တံဆိပ်ချီးမြှင့်လိုက်သလို စစ်ခေါင်းဆောင်ကလည်း ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူးကို သရေစည်သူဘွဲ့ ပြန်ပေးအပ်လိုက်တယ်လို့ စစ်ကောင်စီက  သတင်းထုတ်ပါတယ်။

ရုရှားနိုင်ငံနဲ့ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးကြီးမားတဲ့ ကြိုးပမ်းမှုတွေ ဆောင်ရွက်ပေးခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို Order of Alexander Nevsky ဘွဲ့တံဆိပ်၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို  Order of Friendship ဘွဲ့တံဆိပ် ရှားလုံခြုံရေး ကောင်စီ အတွင်းရေးမှူးက  ဒီဇင်ဘာ ၅ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ စစ်ကောင်စီ ဥက္ကဋ္ဌရုံးမှာ လာရောက် ချီးမြှင့်အပ်နှင်းခဲ့တာလို့ ဆိုပါတယ်။

အလားတူ မြန်မာနဲ့ ရုရှား နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုနီးကပ်ခိုင်မာအောင် စွမ်းစွမ်းတမံ တည်ဆောက်နိုင်ခဲ့တဲ့ ရုရှားလုံခြုံရေး ကောင်စီ အတွင်းရေးမှူး  နီကိုလီပါတရပ်ရှဗ်ကိုလည်း စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့ဖြစ်တဲ့ သရေစည်သူဘွဲ့ကို မြန်မာစစ်ခေါင်းဆောင်က  ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။     

ဆုပေးအပ်ပြီးနောက် စစ်ခေါင်းဆောင်နဲ့ ရုရှားကိုယ်စားလှယ်တို့အကြား အာဆီယံနဲ့ နိုင်ငံတကာရေးရာကိစ္စရပ်တွေဆွေးနွေးခဲ့ပြီး နိုင်ငံတကာမျက်နှာစာမှာ ရုရှားက မြန်မာနိုင်ငံဘက်မှ ဆက်လက်ရပ်တည်သွားဖို့၊ ရုရှားရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကြိုးပမ်းချက်ပေါ် မြန်မာက ဆက်လက်ရပ်တည်မယ့်ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြမ်းဖက်မှု တိုက်ဖျက်ရေး၊ ကုန်သွယ်ရေး၊ လေကြောင်းတိုက်ရိုက်ပျံသန်းမှုနဲ့ ခရီးသွားကဏ္ဍမြှင့်တင်ရေး၊ ကျန်းမာရေး၊ စွမ်းအင်၊ လျှပ်စစ်၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ ဓာတ်မြေ ဩဇာ၊ သံမဏိထုတ်လုပ်မှုလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့လည်း ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီသတင်းမှာ ဖော်ပြပါတယ်။

ယူကရိန်းကို ကျူးကျော်မှုကြောင့် နိုင်ငံတကာမှာ အထီးကျန်ဖြစ်နေတဲ့ ရုရှားနဲ့ အာဏာသိမ်းမှုကြောင့် နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူခံနေရတဲ့ မြန်မာစစ်အာဏာရှင်တွေအကြား မိတ်ဘက် မဟာမိတ်ပြုပြီး အပြန်အလှန် ဆုတံဆိပ်တွေ ချီးမြှင့်နေကြတာ ဖြစ်ပါတယ်။  

PHOTO- DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013