DVB Logo
Home
အားကစား
မန်စီးတီးအသင်း ပရီးမီးယားလိဂ်ဖလားကို ၄ ကြိမ်မြောက် စံချိန်တင်ရမည်ဟု နည်းပြပြော 
DVB
·
December 6, 2023
မန်စီးတီးအသင်း ပရီးမီးယားလိဂ်ဖလားကို ၄ ကြိမ်မြောက် စံချိန်တင်ရမည်ဟု နည်းပြပြော 
Donate to DVB

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက သူ့အသင်းအနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်မယ်လို့ ခံစားနေရဆဲဖြစ်ပြီး ၄ ကြိမ်မြောက်ဖလားကို စံချိန်တင်ရရှိလိမ့်မယ်လို့ နောက်ဆုံး ၃ ပွဲ သရေရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ချန်ပီယံအသင်းဟာ ဒီရာသီမှာတော့ အမှတ်ပေးဇယား တတိယနေရာမှာ လီဗာပူးအသင်းထက် တစ်မှတ်သာ လျော့နည်းပြီး ပထမနေရာက အာဆင်နယ်ထက် တပွဲလျော့ ၆ မှတ်ကွာဟနေပါတယ်။

စီးတီးနည်းပြ ဂွါဒီယိုလာကတော့ “ကျနော် ဒီနေ့ ခံစားနေရတာက ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်မယ် ဆိုတာပါပဲ”လို့ မနက်ဖြန် အက်စတွန်ဗီလာအသင်းနဲ့ မကစားခင် သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

“လူတွေက ကျနော်တို့ သုံးပွဲဆက်တိုက် သရေရလဒ်ထွက်ပေါ်ခဲ့လို့ အခုလို ပြောတာကို မယုံကြည်ကြပေမဲ့ ကျနော်တို့က ဆုဖလား ထပ်မံရယူသွားဦးမှာပါ။ ဒါဟာ မလွယ်ကူဘူးဆိုတာ ကျနော်တို့ သိထားပါတယ်။ ဘယ်အသင်းမှ လေးကြိမ်ဆက်တိုက် ဆုဖလားရအောင် မစွမ်းဆောင်နိုင်သေးပါဘူး။ ဆိုတော့ ဒါဟာ ခက်ခဲကြောင်း ပြနေတာပါပဲ”လို့ ဂွါဒီယိုလာက ပြောဆိုခဲ့ပါတယ်။

စီးတီးအသင်းဟာ လီဗာပူးနဲ့ ၁ ဂိုးစီ သရေကျခဲ့ပြီးတဲ့နောက် တနင်္ဂနွေနေ့က စပါးအသင်းနဲ့လည်း ၃ ဂိုးစီ ထပ်မံသရေကျခဲ့ပါတယ်။

ဒီမတိုင်ခင် ချဲဆီးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း ၄ ဂိုးစီ သရေရလဒ်သာ ကစားနိုင်ခဲ့တာပါ။ နည်းပြဂွါဒီယိုလာက သူ့အနေနဲ့ ပေးဂိုးတွေအပေါ် စိုးရိမ်မိတယ်လို့ ပြောကြားခဲ့ပေမဲ့ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလား သုံးကြိမ်ရရှိခဲ့တဲ့ ပြီးခဲ့တဲ့ရာသီက စာရင်းဇယားတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ကောင်းမွန်ပါတယ်လို့လည်း သုံးသပ်ပြောပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013