DVB Logo
Home
မြန်မာသတင်း
ပြည်တွင်း ဆန်ဈေးကြီးမြင့်နေချိန် ပြည်ပဆန်တင်ပို့မှု မြင့်တက်
DVB
·
December 5, 2023
ပြည်တွင်း ဆန်ဈေးကြီးမြင့်နေချိန် ပြည်ပဆန်တင်ပို့မှု မြင့်တက်
Donate to DVB

ပြီးခဲတဲ့ နိုဝင်ဘာလအတွင်းမှာ မြန်မာနိုင်ငံကနေ ပြည်ပဆန်တင်ပို့မှုက တန်ချိန် ၁၇၅,၀၀၀ ကျော်ရှိပြီး အောက်တိုဘာလ တင်ပို့မူနဲ့ နှိုင်းယှဉ်ရင် ၅၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာပါတယ်။

လတ်တလော ရှမ်းမြောက်ဒေသမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့်လည်း တရုတ်နိုင်ငံကို နယ်စပ်ကနေ ဆန်တင်ပို့မှု ရပ်တန့်ထားရသလောက် ဖြစ်နေပေမယ့် ပင်လယ်ရေကြောင်းကနေ ပြည်ပနိုင်ငံတွေ တင်ပို့မှုက အရင်လတွေထက် သိသိသာသာ မြင့်တက်လာခဲ့တာကြောင့် အခုလိုမြင့်တက်လာတာ ဖြစ်ပါတယ် ။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ  ပြည်ပဆန်တင်ပို့မှုက တန်ချိန် ၁၁၉,၀၀၀ ကျော် သာ ရှိခဲ့ပြီး နိုဝင်ဘာလမှာ တန်ချိန် ၁၇၅,၉၀၀ ကျော်ထိ တိုးတက်တင်ပို့မူရှိခဲ့ပါတယ်။

ပြည်ပကို ဆန်တင်ပိုတဲ့ ပမာဏများရင် ပြည်တွင်းမှာ ဆန်လက်ကျန်လျော့နည်းပြီး အခုထက် ပြည်တွင်းဈေး မြင့်တက်လာနိုင်တယ်လို့ ဆန်ကုန်သည် လုပ်ငန်းရှင်တဦးက သုံးသပ်ပါတယ်။

“ဆန်တင်ပို့မှုများမယ်။ အထွက်လည်း လျော့မယ်ဆိုရင်တော့ လက်ကျန်နည်းရင်ပြီး ပြည်တွင်းဈေး တက်နိုင်ပါတယ်။” 

မြန်မာနိုင်ငံရဲ့ပြည်တွင်း ဆန်စျေးနှုန်းတွေကတော့ နိုင်ငံရဲ့ စီးပွားရေး မတည်ငြိမ်မှု၊ ကျပ်ငွေ တန်ဖိုးကျဆင်းမူတွေကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်တွေ မြင့်လာတာနဲ့အတူ အရင်နှစ်တွေထက်  ဈေးနှုန်းသိသိသာသာ မြင့်တက်နေပါတယ်။

ဒါ့အပြင် ဒေသတွင်းမတည်ငြိမ်မှုတွေနဲ့ နိုင်ငံရေး စစ်ရေးအခြေအနေတွေအရ ဆန်ကြိုတင် ဝယ်ယူစုဆောင်းမူတွေလည်း ရှိနေတာကလည်း  ဆန်ဈေးနှုန်းကို ပိုပြီး မြင့်တက်လာစေခဲ့ပါတယ်။

အခုနှစ်မှာ ဒေသတွင်းမတည်ငြိမ်မှုတွေနဲ့ စိုက်ပျိုးရေးသွင်းအားစု ဈေးကြီးမြင့်တာတွေကြောင့် တောင်သူတွေက စပါးကို ဧကပြည့်စိုက်ပျိုးနိုင်ခြင်း မရှိခဲ့သလို မိုးစပါးပေါ်ချိန်မှာ စိုက်ခင်းတွေ ရေကြီးနစ်မြှပ်ပြီး ဆုံးရှုံးခဲ့တဲ့ အခြေအနေတွေကြောင့်လည်း အရင်နှစ်တွေထက် ဆန်အထွက်နှုန်း လျော့ကျနိုင်ခြေ ရှိနေပါတယ်။

အခုလို ဆန်ဈေးကြီးမြင့်ပြီး ဆန်ရှားပါးနိုင်တဲ အခြေအနေတွေ ရှိနေပေမယ့်  မြန်မာနိုင်ငံရဲ့ ဆန်တင်ပို့မှုကတော့ အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေမှာ ပြန်အားကောင်းလာခဲ့ပါတယ်။

စစ်ကောင်စီဘက်ကလည်း ပြည်ပဆန်တင်ပို့မူကို အားပေးတဲ့အနေနဲ့ မူဝါဒ ဖြေလျှော့မူတွေ လုပ်ဆောင်နေပါတယ်။

အရင်က ဆန်တင်ပို့ရာမှာ ၁၀၀ ရာခိုင်နှုန်း ဆန်၊ ဆန်ကွဲ လက်ဝယ်ရှိထားမှ ပို့ကုန်လိုင်စင်ခွင့်ပြုပေးရာကနေ ဒီဇင်ဘာ ၁ ရက်ကကစပြီး ၅၀ ရာခိုင်နှုန်း လက်ဝယ်ရှိရုံနဲ့ လိုင်စင်ခွင့်ပြုပေးသွားမယ်လို့ မူဝါဒ ဖြေလျှော့လိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်ပဆန်နဲ့ ဆန်ကွဲပို့မှု ပြန်အားကောင်းလာတယ် ဆိုပေမယ့် ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဥ်ကြည့်ရင်တော့ ၅၀ ရာခိုင်နှုန်း ဝန်းကျင်ထိ လျော့နည်းနေပါသေးတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းဆန်စျေး အဆမတန် မြင့်တက်လာမူနဲ့ စစ်ကောင်စီ ချမှတ်တဲ့ ကုန်သွယ်ရေးနဲ့ ငွေကြေးမှုဝါဒတွေက ဆန်စပါးပြည်ပတင်ပို့မှုကို အဟန့်အတား ဖြစ်စေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ နိုတင်ဘာလကုန်အထိ  ၈ လအတွင်း ပြည်ပကို ဆန်တန်ချိန် ၁ ဒသမ ၄သန်း ကျော်ထိ တင်ပို့နိုင်ခဲ့ပေမဲ့ အခုဘဏ္ဍာနှစ် ကာလတူမှာ ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၇၆၀,၀၀၀ နီးပါးသာ တင်ပို့နိုင်ခဲ့ပြီး အရင်နှစ်နဲ့ယှဉ်ရင် ပြည်ပကိုတင်ပို့မှု ၅၀ ရာခိုင်နှုန်းဝန်းကျင် လျော့ကျခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013