DVB Logo
Home
နိုင်ငံတကာ
ဟောင်ကောင်အပေါ် တရုတ်၏ဖိနှိပ်မှုကိုကြည့်ပြီး ထိုင်ဝမ်အရေးစဉ်းစားရန် သမ္မတ တိုက်တွန်း
DVB
·
December 5, 2023
ဟောင်ကောင်အပေါ် တရုတ်၏ဖိနှိပ်မှုကိုကြည့်ပြီး ထိုင်ဝမ်အရေးစဉ်းစားရန် သမ္မတ တိုက်တွန်း
Donate to DVB

ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က လာမယ့်လ ထိုင်ဝမ်ရွေးကောက်ပွဲအတွင်း မဲပေးချိန်မှာ တရုတ်အစိုးရက ထိန်းချုပ်ထားတဲ့ ဟောင်ကောင်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို တွေးကြည့်ဖို့ ဒီဇင်ဘာ ၃ ရက်က မဲဆန္ဒရှင်တွေကို ပန်ကြားခဲ့ပါတယ်။

ကာကွယ်ရေးတိုးမြှင့်ဖို့ ကတိနဲ့အတူ ငြိမ်းချမ်းရေးကို ကျောထောက်နောက်ခံ ပေးရမယ်လို့လည်း သူက ပြောပါတယ်။

ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ဟာ ဇန်နဝါရီ ၁၃ ရက်မှာ သမ္မတရွေးကောက်ပွဲနဲ့ လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပဖို့ ပြင်ဆင်နေတာပါ။

လွန်ခဲ့တဲ့ တနှစ်ခွဲလောက်က ထိုင်ဝမ်ကျွန်းတဝိုက်မှာ အကြီးစား စစ်ရေးအင်အားပြပွဲနှစ်ပွဲ အပါအဝင် စစ်ရေးဖိအားတွေကို တရုတ်က အခိုင်အမာ ဆောင်ရွက်ခဲ့ပြီး ထိုင်ဝမ်ကျွန်းကို သူပိုင်တယ်ဆိုတဲ့ ပြောဆိုချက်တွေကို ခိုင်မာအောင် တရုတ်က ပြင်ဆင်နေပါတယ်။

ထိုင်ဝမ်ရဲ့ အဓိက အတိုက်အခံပါတီဖြစ်တဲ့ ကူမင်တန်ပါတီ (KMT) နဲ့ တရုတ်ပြည်မကြီး အစိုးရတို့က ဒီရွေးကောက်ပွဲဟာ စစ်နဲ့ ငြိမ်းချမ်းရေးကြားက ရွေးချယ်မှုအဖြစ် ပုံဖော်ခဲ့တာပါ။

ထိုင်ဝမ်ရဲ့ လက်ရှိအာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) နဲ့ ပါတီရဲ့ သမ္မတလောင်းဖြစ်သူ လက်ရှိဒုသမ္မတ လိုင်ကျင်းတီတို့ကို တရုတ်ပြည်မကြီး အစိုးရက မနှစ်မြို့ဘဲ အန္တရာယ်ရှိတဲ့ ခွဲထွက်ရေးသမားတွေလို့ ခေါ်ဆိုရင်း တရုတ်က ရှုတ်ချခဲ့ပါတယ်။

တိုင်ပေမြို့တော်က လိုင်အတွက် မဲဆွယ်စည်းရုံးပွဲမှာ သမ္မတ ဆိုင်က ထောက်ခံသူတွေကို မိန့်ခွန်းပြောရာမှာ အတိုက်အခံတွေဟာ စစ်ပွဲနဲ့ ငြိမ်းချမ်းရေးအတွက် သွေးလှန့် ခြောက်လှန့် ပြောဆိုနည်းကို အသုံးချနေတယ်လို့ ပြောပါတယ်။

ဗြိတိန်ကိုလိုနီဟောင်း ဟောင်ကောင်မှာ ဒီမိုကရေစီလွတ်လပ်ခွင့်တွေကို တရုတ်က ဖိနှိပ်ချုပ်ချယ်တာကို စဉ်းစားကြဖို့ မဲဆန္ဒရှင်တွေကို တိုက်တွန်းခဲ့ပါတယ်။

ဗြိတိသျှကိုလိုနီဟောင်း ဟောင်ကောင်ဟာ ၁၉၉၇ ခုနှစ်မှာ တရုတ်အုပ်ချုပ်မှုအောက်ကို ပြန်ရောက်ခဲ့တာပါ။

တရုတ်က ဟောင်ကောင်ကို တနိုင်ငံ၊ စနစ်နှစ်ခု မူဘောင်အောက်မှာ ကျယ်ပြန့်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

ထိုင်ဝမ်ကိုလည်း ထောက်ပံ့မှုနည်းနည်းနဲ့အတူ အလားတူကမ်းလှမ်းချက်မျိုး တရုတ်ပြည်မကြီး အစိုးရက ပေးခဲ့ပါတယ်။

၂၀၂၀ ခုနှစ်မှာတော့ တရုတ်အစိုးရက ပြင်းထန်တဲ့ အမျိုးသားလုံခြုံရေးဥပဒေတရပ်ကို ပြဋ္ဌာန်းခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာ တရုတ်ပြည်မကြီးအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ လပေါင်းများစွာကြာအောင် လှုပ်ခတ်သွားပြီးနောက် တည်ငြိမ်မှုပြန်ရဖို့ အရေးကြီးတယ်လို့လည်း တရုတ်အစိုးရက အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

သက်တမ်းကန့်သတ်ချက်တွေကြောင့် သမ္မတအဖြစ် ပြန်အရွေးခံဖို့ တားမြစ်ခံထားရတဲ့ ဆိုင်ကတော့ ထိုင်ဝမ်ရဲ့ ကာကွယ်ရေးကို အားကောင်းလာစေဖို့ သူ့ရာထူးသက်တမ်းရဲ့ အုတ်မြစ်တခုဖြစ်ပြီး ရွေးကောက်ပွဲမှာ ဦးဆောင်နေသူ လိုင်က ဆက်လုပ်သွားလိမ့်မယ်လို့ ကတိပြုထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013