DVB Logo
Home
မြန်မာသတင်း
ကောလင်းမြို့မှ Non-CDM ဝန်ထမ်း ၁၀၀ ခန့် အလင်းဝင်
DVB
·
December 5, 2023
ကောလင်းမြို့မှ Non-CDM ဝန်ထမ်း ၁၀၀ ခန့် အလင်းဝင်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က Non-CDM ဝန်ထမ်းတွေအနေနဲ့ အလင်းဝင်ဖို့ အမိန့်ကြေညာစာထုတ်ပြန်ပြီးနောက်မှာ ပညာရေးဝန်ထမ်းတွေအပါအဝင် Non-CDM ဝန်ထမ်းအယောက် ၁၀၀ နီးပါး အလင်းဝင်ရောက်လာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ခရိုင်အဆင့်ရှိတဲ့ ကောလင်းမြို့ကို  နိုဝင်ဘာ ၆ ရက်မှာ အမှတ် (၁) စစ်ဒေသ၊ ကောလင်း ခရိုင်ကွပ်ကဲမှု အစီအစဉ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည် သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ တော်လှန် ရေးအဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

၄ ရက်ကြာတိုက်ပွဲမှာ ကောလင်းရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့မှာ အခြေချထားတဲ့ စစ်ကောင်စီတပ်သားတွေကို အဆင့်ဆင့် တိုက်ခိုက်သိမ်းယူခဲ့ရတာဖြစ်ပါတယ်။

နိုဝင်ဘာ ၈ ရက်မှာတော့ ကောလင်းခရိုင်အရေးပေါ် အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ကို NUG အစိုးရ၊ ကြားကာလဒေသန္တရ အုပ်ချုပ်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဖွဲ့စည်း တာဝန်ပေးအပ်ထားပါတယ်။

လတ်တလော အလင်းဝင်ရောက်လာခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ  Non-CDMဝန်ထမ်းတွေထဲမှာတော့ ပညာရေးဝန်ထမ်း ၃၃ ယောက်အပါအဝင် ထွေအုပ်၊ စည်ပင်၊ လျှပ်စစ်၊ အခွန်၊ သစ်တော၊ သစ်ထုတ်လုပ်ရေး၊ သစ်လုပ်ငန်း၊ မီးသတ်၊ စိုက်ပျိုးရေး၊ မြန်မာ့စီးပွားရေးဘဏ်၊ မီးရထား၊  မီးရထားရဲ၊ ဆက်သွယ်ရေး၊ အား/ကာ၊ မြေစာရင်း၊လူဝင်မှုကြီးကြပ်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစတဲ့ ဌာနဆိုင်ရာ အသီးသီးက ပါဝင်ပြီး သူတို့ကိုတော့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ထုတ်ပြန်ထားတဲ့ နိုင်ငံ့ဝန်ထမ်း CDM မူဝါဒနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး လူ့အခွင့်အရေးတွေနဲ့အညီ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက Non-CDM ဝန်ထမ်းတွေ အလင်းဝင်ရောက်ကြဖို့ NUG အစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၆ ရက်က တည်းက အမိန့်ကြေညာချက်ကို ထုတ်ပြန်ထားပြီးဖြစ်လို့ Non-CDM ဝန်ထမ်းတွေ အနေနဲ့ နောက်ဆုံး အခွင့်အရေးအနေနဲ့ ပြည်သူလူထုဘက်က ရပ်တည်ကြဖို့နဲ့ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဥပဒေအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်တာကို မလွဲမသွေ ခံယူရမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013