DVB Logo
Home
နိုင်ငံတကာ
ဟောင်ကောင်တက်ကြွလှုပ်ရှားသူ အဂ္ဂနက်စ်ချောင် ကနေဒါသို့ ထွက်ခွာ
DVB
·
December 4, 2023
ဟောင်ကောင်တက်ကြွလှုပ်ရှားသူ အဂ္ဂနက်စ်ချောင် ကနေဒါသို့ ထွက်ခွာ
Donate to DVB

တရုတ်ပြည်မကြီးအစိုးရက ချမှတ်တဲ့ အမျိုးသားလုံခြုံရေးဥပဒေနဲ့ ထောင်သွင်းအကျဉ်းချခံခဲ့ရတဲ့ ဟောင်ကောင်ရဲ့ အထင်ရှားဆုံး ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ အဂ္ဂနက်စ် ချောင်ဟာ အာဏာပိုင်တွေရဲ့ ဖိအားကြောင့် စိတ်ကျန်းမာရေး ပြဿနာတွေနဲ့အတူ ဟောင်ကောင်ကနေ ကနေဒါနိုင်ငံဆီ ထွက်သွားပြီလို့ ဒီဇင်ဘာ ၃ ရက်မှာ ပြောပါတယ်။

ဟောင်ကောင်ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကို တွန်းအားပေးကူညီခဲ့တဲ့ ဂျိုရွှာဝေါင် အပါအဝင် လူငယ်တက်ကြွလှုပ်ရှားသူတွေရဲ့ အမာခံအဖွဲ့ဝင်တဦးဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ် ချောင်ဟာ ကနေဒါမှာ ပညာသင်ကြားဖို့ ဟောင်ကောင်ကနေ ထွက်ခွာသွားပြီလို့ တနင်္ဂနွေနေ့နှောင်းပိုင်းက သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ ရေးသားခဲ့ပါတယ်။

သူတို့အဖွဲ့ ဒီမိုစစ်တိုဟာ ၂၀၂၀ ပြည့်နှစ်မှာ တရုတ်ပြည်မကြီး အစိုးရက အမျိုးသားလုံခြုံရေး ဥပဒေကို အတည်ပြုပြီး နာရီပိုင်းအကြာမှာ ဖျက်သိမ်းခဲ့ရတာပါ။

ချောင်ဟာ ခွင့်ပြုချက်မရှိဘဲ စုဝေးမှုစွဲချက်နဲ့ ၂၀၂၀  နိုဝင်ဘာလမှာ ထောင်ဒဏ် ၁၀ လ ချမှတ်ခံခဲ့ရပါတယ်။ ထောင်ကျပြီးတဲ့နောက် သူဟာ အမျိုးသားလုံခြုံရေးစွဲချက်နဲ့ နိုင်ငံကူးလက်မှတ် သိမ်းဆည်းခံခဲ့ရပါတယ်။

အဲဒီနောက် ဒီမိုကရေစီလိုလားသူ စီးပွားရေးလုပ်ငန်းရှင် ဂျင်မီလိုင် အပါအဝင် တခြားသူတွေနဲ့အတူ ရဲတပ်ဖွဲ့က အာမခံနဲ့ လွှတ်ပေးခဲ့ပါတယ်။

ချောင်ဟာ ၂၀၂၁ ခုနှစ် ဇွန်လမှာ ထောင်ကနေ လွတ်လာပြီးတဲ့နောက် သူ့ရဲ့ ပထမဆုံး လူသိရှင်ကြား မှတ်ချက်တွေထဲမှာ အာဏာပိုင်တွေရဲ့ “ကြီးကြပ်မှု” အောက်မှာ သူ ဘယ်လိုရှိနေတယ်ဆိုတာ အသေးစိတ် ပြောထားပါတယ်။

ကနေဒါကိုသွားရောက်တာနဲ့ ပတ်သက်လို့ ချောင်ကို ဆက်သွယ်လို့ မရသေးသလို ဟောင်ကောင်ရဲတပ်ဖွဲ့ကလည်း ချက်ချင်း မတုံ့ပြန်သေးပါဘူး။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013