DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး စာတန်းချိတ်ဆွဲဆန္ဒပြ
DVB
·
December 4, 2023
ရန်ကုန်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး စာတန်းချိတ်ဆွဲဆန္ဒပြ
1 / 4
Donate to DVB

ရန်ကုန်မြို့တနေရာမှာ ဒီဇင်ဘာ ၃ ရက်က ဖက်ဆစ်မိစ္ဆာကျဆုံးခန်း 1127 အမည်နဲ့ စာတန်း ဘန်နာချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုတခု ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က ရန်ကုန်မြို့မှာ လုံခြုံရေး ပိုတင်းကျပ်‌နေတဲ့ အခြေအနေကြားထဲကနေ ဒီလှုပ်ရှားမှုကို Kyimyindaing Networks (KMD18) အဖွဲ့နဲ့ Mayangone Democratic Front (MDF) အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Mayangone Democratic Front (MDF) အဖွဲ့ တာဝန်ရှိသူတဦးက “မြောက်ပိုင်းညီနောင် ၃ ဖွဲ့နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ဒုတိယလှိုင်းဖြစ်တဲ့ Operation 1127 ကို ထောက်ခံတဲ့အတွက်ရော ပြည်သူတွေ ပူးပေါင်းပါဝင်လာဖို့အတွက်ရော ရည်ရွယ်ပါတယ်။ မြေပြင်အခြေအနေကတော့ ဒီရက်ပိုင်း အားလုံးသိကြတဲ့အတိုင်း စစ်ကောင်စီဘက်က လုံခြုံရေးကို အထူးတိုးမြှင့် ချထားပါတယ်” လို့ ပြောပါတယ်။

သပိတ်ပူးပေါင်းအဖွဲ့က Fight for justice၊ Fight for freedom၊ Fight for future၊ Fight for survival၊ အရေးတော်ပုံ အောင်ကို အောင်ရမည် စတဲ့ အချက်တွေနဲ့ တော်လှန်ရေးအောင်မြင်ဖို့ အတူလက်တွဲ အားပေးထောက်ခံပြီး ကျရာနေရာကနေ အားဖြည့်ပါဝင်ပေးဖို့ ပြည်သူတွေကို တိုက်တွန်းထားပါတယ်။ 

Kyimyindaing Networks (KMD18) တာဝန်ရှိသူတဦးက “ကျနော်တို့ ထုတ်ပြန်ပြောထားတဲ့အတိုင်း ပြည်သူအားလုံး တော်လှန်ရေးကြီး အောင်မြင်အောင် အတူလက်တွဲ အားပေးထောက်ခံပြီး ကျရာနေရာကနေ အားဖြည့်ပါဝင်ပေးဖို့ကိုပဲ တိုက်တွန်းချင်ပါတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၅ ရက်ကလည်း ရန်ကုန်မြို့၊ နာမည်ကြီးစေတီတော်တွေရှိ နတ်ကွန်းတွေမှာ မီးကုန်ယမ်းကုန် ရိက္ခာကုန် တပ်တွင်းသူပုန်ထတော့မည် တဘောင်ခေါင်းစဥ်နဲ့ အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို Kyimyindaing Networks (KMD18) နဲ့ Mayangone Democratic Front (MDF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။

နိုဝင်ဘာ ၇ ရက်ကလည်း ရန်ကုန်မြို့မှာ ဗကသများအဖွဲ့ချုပ်၊ Kyimyindaing Networks (KMD18) နဲ့ Mayangone Democratic Front (MDF) စတဲ့ မဟာမိတ် ၂ ဖွဲ့တို့ ပူးပေါင်းပြီး “အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့” အမည်နဲ့ လက်ကမ်းစာစောင် ဖြန့်ဝေတဲ့ လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013