DVB Logo
Home
နိုင်ငံတကာ
အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲ
DVB
·
December 4, 2023
အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲ
Donate to DVB

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမားတြားပြည်နယ်က မာရာပီမီးတောင် ဒီဇင်ဘာ ၃ ရက်က ပေါက်ကွဲခဲ့ပြီး မီးတောင်ပြာတွေဟာ လေထဲ ပေ ၁၀,၀၀၀ နီးပါးအမြင့်ထိ လွင့်သွားခဲ့တယ်လို့ နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီ BNPB က ပြောပါတယ်။

၂,၈၉၁ မီတာမြင့်တဲ့ မီးတောင်ဟာ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီဝန်းကျင်မှာ ပေါက်ကွဲခဲ့တာပါ။

မီးတောင်ပြာတွေက အနီးနားမှာရှိတဲ့ ခရိုင်တွေဆီ အပြင်းအထန် ပျံ့နှံ့သွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မျက်မြင်သက်သေတွေရဲ့ ဗီဒီယိုဖိုင်တွေထဲမှာ မာရာပီ မီးတောင်ပေါ်မှာ ပြာတိမ်တိုက်တွေ ရစ်သိုင်းနေတာ တွေ့ရပါတယ်။

ကားတွေ၊ ကောက်ပဲသီးနှံတွေနဲ့ လမ်းတွေကို မီးတောင်ပြာတွေ ထူထူထပ်ထပ် ဖုံးလွှမ်းနေပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ပစိဖိတ်မီးကွင်းကြီးလို့ ခေါ်တဲ့ မီးတောင်ပေါ်မှာ တည်ရှိပြီး အသက်ဝင် လှုပ်ရှားနေတဲ့ မီးတောင် ၁၂၇ လုံးရှိတယ်လို့ မီးတောင်အေဂျင်စီက စာရင်းပြုစုထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013