DVB Logo
Home
နိုင်ငံတကာ
အရပ်သားများအတွက် ဘေးကင်းနယ်မြေသတ်မှတ်ရန် အစ္စရေးဆောင်ရွက်
DVB
·
December 4, 2023
အရပ်သားများအတွက် ဘေးကင်းနယ်မြေသတ်မှတ်ရန် အစ္စရေးဆောင်ရွက်
Donate to DVB

အစ္စရေးဟာ ဂါဇာရှိ အရပ်သားတွေအတွက် "ဘေးကင်းတဲ့နယ်မြေတွေ" သတ်မှတ်ဖို့ အမေရိကန်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့အတူ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ၀န်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ဒီဇင်ဘာ ၂ ရက်မှာ ပြောကြားခဲ့ပါတယ်။

လူထုကို ထိခိုက်စေဖို့ ဆန္ဒ လုံးဝမရှိကြောင်းနဲ့ ဟားမတ်စ်တွေကိုပဲ ထိခိုက်စေလိုတဲ့ ပြင်းပြတဲ့ ဆန္ဒရှိတာကြောင့် ဒီကိစ္စဟာ အရေးကြီးတယ်လို့ တဲလ်အဗစ်က သတင်းစာရှင်းလင်းပွဲမှာ နေတန်ယာဟုက ပြောဆိုပါတယ်။ 

၀န်ကြီးချုပ် နေတန်ယာဟုက“ကျနော်တို့ရဲ့ ဓားစာခံတွေ အားလုံးကို ပြန်ပေးလာဖို့၊ ဟားမတ်စ်တွေကို ချေမှုန်းဖို့နဲ့ ဂါဇာ ကမ်းမြောင်က အစ္စရေးကို နောက်တခါ ထပ်ခြိမ်းခြောက်လို့ မရအောင်ကို အစွမ်းကုန် ဆက်လက် တိုက်ခိုက်နေပါတယ်”လို့ ပြောပါတယ်။

ဒါဟာ ဟားမတ်စ်ကို ပြီးပြည့်စုံတဲ့ အောင်ပွဲခံဖို့အတွက် အပစ်အခတ်ရပ်စဲရေးကာလအတွင်းမှာ ကျနော်တို့ တိုက်ခိုက်ရေးသမားတွေ ပြင်ဆင်နေခဲ့တာပါလို့လည်း ဆိုပါတယ်။

ဟားမတ်စ် စစ်သွေးကြွတွေနဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပြီးနောက် စနေနေ့က အစ္စရေး စစ်လေယာဉ်တွေနဲ့ အမြောက်တွေ ဂါဇာကမ်းမြောင်ကို ပစ်ခတ်ဗုံးကြဲချမှုတွေကြောင့် အပြစ်မဲ့ ပါလက်စတိုင်း အများအပြား သေဆုံးခဲ့ရကြောင်း အမေရိကန်ဒုသမ္မတ ကမလာဟားရစ်စ်နဲ့ စကားပြောဆိုခဲ့ပြီးနောက် တဲလ်အဗစ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ၀န်ကြီးချုပ် နေတန်ယာဟုက ပြောခဲ့တာ ဖြစ်ပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုတွေဟာ အစ္စရေးရဲ့ မြေပြင်စစ်ဆင်ရေးကို တွန်းအားပေးနေပြီး ပါလက်စတိုင်း ပိုင်နက်ရဲ့ တောင်ပိုင်းမှာ နယ်မြေကျုံ့သွားပြီး သူတို့ကို အီဂျစ်ပြည်ထဲကို တွန်းပို့သလို ဖြစ်နေမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

အပစ်အခတ်ရပ်စဲရေးက ဒီဇင်ဘာ ၁ ရက် ပြီးဆုံးသွားပြီးကတည်းက အနည်းဆုံး ပါလက်စတိုင်း ၁၉၃ ဦး သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ 

စစ်ပွဲ စတင်ကတည်းက ပါလက်စတိုင်းသေဆုံးသူ ၁၅,၀၀၀ ကျော်အထိ တိုးလာခဲ့တယ်လို့ ဆိုပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013