DVB Logo
Home
မြန်မာသတင်း
လားရှိုးနှင့်မူဆယ်တွင် စစ်တပ်လေကြောင်းဗုံးကြဲသဖြင့် ၄ လကလေးအပါအဝင် ၃ ဦး သေဆုံး
DVB
·
December 3, 2023
လားရှိုးနှင့်မူဆယ်တွင် စစ်တပ်လေကြောင်းဗုံးကြဲသဖြင့် ၄ လကလေးအပါအဝင် ၃ ဦး သေဆုံး
1 / 4
Donate to DVB

လားရှိုးနဲ့ မူဆယ်မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ၄ လသားအရွယ် ကလေးအပါအဝင် ၃ ယောက် သေဆုံးသွားတယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့ ညနေ ၆ နာရီလောက်က မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုခဲ့တာဖြစ်ပြီး အရပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့သလို နေအိမ် ၁၀ လုံး‌လောက်လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ည ၁၀ နာရီကျော်မှာလည်း မူဆယ်မြို့နယ် ၁၀၅ မိုင်ကို ဂျက်လေယာဉ်နဲ့ ထပ်ပြီး ဗုံးကြဲတာကြောင့် နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့သလို ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း‌တွေကိုလည်း ဖြတ်တောက်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

ည ၁၁ လောက်မှာတော့ မူဆယ်မြို့နယ်၊ နမ့်ခွမ်ကျေးရွာကို ဂျက်လေယာဉ်နဲ့ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်တာကြောင့် အဘွားနဲ့အတူ အိပ်ပျော်နေတဲ့ ၄ လသားအရွယ် ကလေးငယ် တယောက် ဦးခေါင်းထိမှန်သေဆုံးခဲ့ပြီး အဘွားဖြစ်သူမှာလည်း လက်မှာကျည်စထိမှန် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။

အဲဒီမှာ အရပ်သား ၃ ယောက် ဒဏ်ရာရသလို နေအိမ် ၁၀ လုံးလောက်လည်း ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဟာ တိုက်ပွဲမဖြစ်တဲ့ အရပ်သားတွေနေတဲ့ ကျေးရွာတွေကို လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်တာကို ပိုလုပ်လာနေတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့ ည ၉ နာရီကျော်က လားရှိုးမြို့နယ်၊ ပန်သပြေအုပ်စု၊ လုံတွေကျေးရွာကို ပေါင် ၅၀၀ ဗုံး ၄ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသမီး ၂ ယောက် အခင်းဖြစ်နေရာမှာ သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရသလို အိမ် ၉ လုံးလောက် ဗုံးစမှန် ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ နမ့်ခမ်းမြို့ကိုလည်း ဂျက်တိုက်လေယာဉ်နဲ့ ၁၁ ကြိမ်လောက် လာရောက်တိုက်ခိုက်ပြီး ကင်းထောက်လေယာဉ်နဲ့ ဗုံး ၂၄ လုံး ကြဲချခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013