DVB Logo
Home
မြန်မာသတင်း
မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ၊ အရာရှိအပါအဝင် ၃ ဦးသေဆုံး
DVB
·
December 3, 2023
မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ၊ အရာရှိအပါအဝင် ၃ ဦးသေဆုံး
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာ  ၃ ရက် မနက် ၁၁ ခွဲလောက်က KNLA ပူးပေါင်းတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က အရာရှိအပါအဝင် ၃ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ရန်ကုန်-မော်လမြိုင်လမ်းပေါ်က စစ်ကောင်စီရဲ့ မုပ္ပလင်စစ်ဆေးရေးဂိတ်ကို စစ်ရေးပစ်မှတ်အနေနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ  အရာရှိ ၁ ယောက်၊ တပ်ကြပ်ကြီး ၁ ယောက်၊ တပ်သား ၁ ယောက်သေဆုံးပြီး ရဲတပ်သား ၂ ယောက်ပြင်းထန်ဒဏ်ရာရရှိပြီး ကျန်တပ်ဖွဲ့ဝင်အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကျိုက်ထိုတော်လှန်ရေးအင်အာစု သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ မော်ကွန်းက “စစ်ဆေးရေးဂိတ်က မကြာခဏတိုက်ခိုက်ခံထားရတော့ အခိုင်အမာ ဘန်ကာတွေနဲ့ တည်ဆောက်ထားတယ်။ ကြုံရတဲ့အခက်အခဲက ဘန်ကာတွေထဲက ကြံ့ကြံ့ခံခုခံထားတယ်။ ကျနော်တို့ဘက်က လက်နက်ကြီး ပစ်ခတ်တဲ့အခါ အကုန်လုံးမကွဲဘူး။ ဒါပေမဲ့ သူတို့ဘက်က ထိခိုက်သေဆုံးတာ မြင်ရတယ်၊ ဒဏ်ရာရတာလည်း များတယ်”လို့ ပြောပါတယ်။

တိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်တွေ အင်အားဖြည့်တင်းကာ လုံခြုံရေးတင်းကြပ်ပြီး ဖြတ်သန်းသွားလာနေတဲ့ မော်တော်ယာဉ်တွေကို တင်းတင်းကြပ်ကြပ်စစ်ဆေးနေတဲ့အပြင် ကင်မွန်းစခန်းဘက်မှာလည်း အင်အားဖြည့်တင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုကို တပ်တွင်းသတင်းတွေအရ အတည်ပြုနိုင်ခဲ့ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိခိုက်သူမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ တာဝန်ရှိသူကဆီက သိရပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

အဲံဒီတိုက်ခိုက်မှုကို KNLA ၇၀၈၅ တပ်ရင်း တပ်ခွဲ ၂၊ သွေးသစ္စာပြောက်ကျားတပ်ဖွဲ့၊ YEF TPDF Drone Force၊ တောကျီးကန်းစစ်ကြောင်း၊ ABSDF၊ ကျိုက်ထိုမြို့နယ် PDF တပ်ရင်းအဖွဲ့၊ မုပ္ပလင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ကျိုက်ထိုတော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013