DVB Logo
Home
နိုင်ငံတကာ
နယူးဒေလီ၌ မီးခိုးမြူ ထူထပ်နေ
DVB
·
December 3, 2023
နယူးဒေလီ၌ မီးခိုးမြူ ထူထပ်နေ
Donate to DVB

အိန္ဒိယနိုင်ငံရဲ့မြို့တော် နယူးဒေလီမှာ ဒီဇင်ဘာ ၂ ရက် မနက်ပိုင်းက မီးခိုးမြူထူနေလို့ မြို့ထဲမှာ မြင်နိုင်စွမ်း လျော့ကျ နေပါတယ်။

ဒါကြောင့် မြို့ခံတွေဟာ ပြင်းထန်တဲ့ လေထုညစ်ညမ်းမှုကြားမှာ  သီတင်းပတ်ကုန် ရက်တွေအတွင်း လုပ်စရာတွေ ဆက်လုပ်ဖို့ ရုန်းကန်နေရပါတယ်။

အမေရိကန်သံရုံးရဲ့ လေထုအရည်အသွေး ညွှန်းကိန်း (AQI) က 259 ဝန်းကျင်မှာ ရှိနေပြီး ဒါဟာ 'ကျန်းမာရေးနဲ့ မညီညွတ်တဲ့' အဆင့် အမျိုးအစားထဲမှာ ပါနေတာပါ။ 

လမ်းတွေနဲ့ အဆောက်အအုံတွေကို မီးခိုးမြူတွေက ဖုံးထားပါတယ်။ အိန္ဒိယမြို့တော်ရဲ့ လေထု ညစ်ညမ်းမှုဟာ ဆောင်းရာသီမှာ ပိုဆိုးလာလေ့ ရှိပါတယ်။

သီးထပ် စိုက်ပျိုးမှုအသစ်အတွက် ပြင်ဆင်ဖို့ အနီးနားပြည်နယ်တွေမှာ လယ်သမားတွေက ရိုးပြတ် တွေနဲ့ စိုက်ပျိုးရေးဘေးထွက်ပစ္စည်းတွေကို မီးရှို့တာ၊ မော်တော်ယာဥ်တွေ၊ စက်မှုလုပ်ငန်းတွေ ကနေ ထွက်လာတဲ့ လေထုညစ်ညမ်းစေတဲ့ မီးခိုးတွေနဲ့ အမှုန်အမွှား တွေက လေအေးစီးကြောင်းထဲ မှာ ပိတ်မိနေတာကြောင့် လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာနေပါတယ်။

AQI အဆင့် ၄၀၀ ကနေ ၅၀၀ ကြား အဆင့်ဟာ ကျန်းမာတဲ့လူတွေအပေါ် သက်ရောက်မှုရှိပြီး ရောဂါအခံ ရှိသူတွေ အတွက် အန္တရာယ်ရှိပါတယ်။

AQI အဆင့် ၁၅၀ ကနေ ၂၀၀ ကြားကတော့ ပန်းနာရင်ကျပ်၊ အဆုတ်နဲ့ နှလုံး ပြဿနာရှိသူတွေ အတွက် မသက်မသာဖြစ်စေတဲ့ အဆင့်ပါ။ AQI အဆင့် သုညကနေ ၅၀ ကြားက ကောင်းမွန်တယ် လို့ ယူဆနိုင်ပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013