DVB Logo
Home
နိုင်ငံတကာ
ပါရီ၌ နိုင်ငံခြားသားတိုးရစ်အဖွဲ့ တိုက်ခိုက်ခံရသဖြင့် ၁ ဦး သေဆုံး
DVB
·
December 3, 2023
ပါရီ၌ နိုင်ငံခြားသားတိုးရစ်အဖွဲ့ တိုက်ခိုက်ခံရသဖြင့် ၁ ဦး သေဆုံး
Donate to DVB

ပြင်သစ်နိုင်ငံ ပါရီမြို့လယ်ခေါင်ရှိ အီဖယ်မျှော်စင်အနီးမှာ နိုင်ငံခြားသား တိုးရစ်တွေကို တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် လူတဦး သေဆုံးသွားပြီး တခြား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ဂျရဲလ်ဒ် ဒါမနင်က ဒီဇင်ဘာ ၂ ရက်က မီဒီယာကို ပြောကြားခဲ့ပါတယ်။ 

ဒေသစံတော်ချိန် ည ၉ နာရီ မထိုးခင်လောက်မှာ အီဖယ်မျှော်စင်နဲ့ ပေအနည်းငယ်အကွာမှာရှိတဲ့ ကဲ့-ဒီ-ဂရန်းနဲလ် သင်္ဘောဆိပ်မှာ ခရီးသွားစုံတွဲ တတွဲကို ဓားနဲ့တိုက်ခိုက်ခဲ့တာမှာ ဂျာမန်အမျိုးသား တဦး သေဆုံးခဲ့ပါတယ်။ 

အဲဒီနောက် ရဲတွေက သူ့ကို လိုက်ဖမ်းရာမှာ ဖမ်းမမိသေးခင်မှာပဲ နောက်ထပ် တခြားသူ ၂ ဦးကို သံရိုက်တူ နဲ့ တိုက်ခိုက်ခဲ့လို့ အသက်အန္တရာယ် မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိသွားကြောင်းလည်း ဝန်ကြီးက ပြောပါတယ်။ 

တယောက်က မျက်လုံးကို တူနဲ့ ထိုးမိပြီး နောက်တယောက်ကတော့ သတိမေ့သွားတယ် လို့ ဆိုပါတယ်။ ဒဏ်ရာရရှိသူကိုတော့ ပါရီ မီးသတ်တပ်ဖွဲ့က ကုသပေးခဲ့ပါတယ်။  

သံသယရှိသူဟာ အာဖဂန်နစ္စတန်နဲ့ ပါလက်စတိုင်းမှာ မွတ်ဆလင်တွေ အများကြီး သေကုန်လို့ သူ စိတ်ဆိုးနေကြောင်း နဲ့ ဂါဇာကမ်းမြောင်ဒေသ အခြေအနေနဲ့ ပတ်သက်လို့လည်း စိတ်ပျက်မိ ကြောင်း ရဲကိုပြောကြားခဲ့တယ်လို့ ဝန်ကြီး ဒါမနင်းက ပြောဆိုပါတယ်။ 

တိုက်ခိုက်မှု ကျူးလွန်ကြောင်း သံသယရှိသူဟာ ပြင်သစ်နိုင်ငံ နူအီ-ဆူ-ဆန့် မှာ ၁၉၉၇ ခုနှစ်မှာ မွေးဖွားသူဖြစ်ပြီး တရားရေးဌာနမှာ ပြစ်မှုဟောင်း ရှိထားကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ 

သူဟာ ၂၀၁၆ ခုနှစ်ကလည်း တခြားတိုက်ခိုက်မှုကို ကြံစည်မှုအတွက်ထောင်ဒဏ် ၄ နှစ် ချမှတ်ခံခဲ့ ရပြီး စိတ်ရောဂါ ဝေဒနာတွေ ရှိတာကြောင့်လည်း လူသိများပါတယ်။ 

တချို့ထွက်ပေါ်လာတဲ့ သတင်းတွေအရ သံသယရှိသူဟာ အစွန်းရောက်သမားတွေ တိုက်ခိုက်ခါနီး တိုင်း ဟစ်ကြွေးလေ့ရှိတဲ့ (အလ္လာဟူ ကဘာ) ဘုရားသခင်သာ အကြီးမြတ်ဆုံးလို့ အော်ဟစ်ခဲ့တယ် ဆိုပေမယ့် ရိုက်တာစ် အနေနဲ့ အတည်ပြုနိုင်ခြင်း မရှိပါဘူး။ 

အကြမ်းဖက်မှု တိုက်ဖျက်ရေး အစိုးရရှေ့နေရုံးကတော့ ဒီအမှုကို စုံစမ်းစစ်ဆေးဖို့ တာဝန်ယူထား တယ်လို့ ပြောပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013