
ပြင်သစ်နိုင်ငံ ပါရီမြို့မှာ အဓိကရုဏ်းကြောင့် ပျက်စီးဆုံးရှုံးခဲ့တာတွေကို ရှင်းလင်းရေး လုပ်ဆောင်နေပါတယ်။
ပြင်သစ်နိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး ဆန္ဒပြ အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့ပြီး ကားတွေ၊ ဆိုင်ကယ်တွေ မီးရှို့ခံခဲ့ရကာ ဈေးဆိုင်မှန်အကာတွေလည်း ရိုက်ခွဲခံခဲ့ရပါတယ်။
ကျောင်းသားဆန္ဒပြပွဲတွေ ဖြစ်ပွားပြီးနောက် ဆန္ဒပြသူတွေက လုယက်မှုတွေ၊ ဖျက်ဆီးမှုတွေ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံဟာ ရွေးကောက်ပွဲလုပ်ဖို့ ၆ လသာ လိုတော့ပြီး ဒီဆန္ဒပြပွဲတွေက စီးပွားရေးအားနည်းမှုနဲ့ ကြွေးမြီတိုးလာမှုကြောင့်လို့ ရိုက်တာက ဖော်ပြပါတယ်။
အကြမ်းဖက်မှုတွေကြောင့် ဆိုင်ပေါင်း ၃,၀၀၀ နီးပါး ထိခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ပြင်သစ်ဗဟိုအစိုးရကတော့ ညမထွက်ရအမိန့်တွေ ထုတ်ပြန်ဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို တောင်းဆိုထားပြီး လုံခြုံရေးအားနည်းမှုကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။
Source: Reuters











