DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် စက်သုံးဆီပြတ်လပ်ပြီး လူမှုကူညီရေးအသင်းအချို့ လုပ်ငန်းရပ်နား
DVB
·
December 3, 2023
ရခိုင်တွင် စက်သုံးဆီပြတ်လပ်ပြီး လူမှုကူညီရေးအသင်းအချို့ လုပ်ငန်းရပ်နား
Donate to DVB

ရခိုင်ပြည်နယ်မှာ စက်သုံးဆီပြတ်လပ်လာတဲ့အတွက် လူမှုကူညီရေးအသင်းတချို့ လုပ်ငန်းတွေယာယီရပ်နားထားရပြီး လူမှုကူညီရေးကို မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့က တာဝန်ယူ ဆောင်ရွက်ပေးနေရတယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။

ပုဏ္ဏားကျွန်းလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်း(PDYO)နဲ့ ပုဏ္ဏားကျွန်းမြို့အခြေစိုက် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း လူမှုကူညီရေးအသင်း၊ ကျောက်တော်မြို့အခြေစိုက် ဖြူစင်မေတ္တာ ပရဟိတအသင်း၊ မြောက်ဦးမြို့အခြေစိုက် ကရုဏာလှိုင်း သွေးလှူရှင်အသင်းတို့နဲ့ စစ်တွေမြို့က ပရဟိတဖောင်ဒေးရှင်းတို့ဟာ လောင်စာဆီ အခက်အခဲကြောင့် လုပ်ငန်းတွေ ရပ်တန့်ထားကြတယ်လို့ ဆိုပါတယ်။

စစ်တွေမြို့က ကြက်ခြေနီတပ်ဖွဲ့တာဝန်ရှိသူတယောက်က  “လက်ရှိ ရခိုင်ပြည်နယ် အခြေအနေအရ လူမှုရေးအဖွဲ့တွေမှာ လောင်စာဆီခက်ခဲနေတော့ ဘာအလုပ်မှ မလုပ်နိုင် ကြတော့ဘူး။ အဲဒါကြောင့် အရေးပေါ်ကိစ္စတွေကို ကျနော်တို့ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့က တာဝန်ယူဆောင်ရွက်ပေးနေပါတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲတွေဖြစ်လာပြီးနောက် တပြည်နယ်လုံးကို စစ်ကောင်စီက လမ်းပိတ်ဆို့ထားတာပါ။

လူမှုကူညီရေးအသင်းနဲ့ သာရေး/နာရေးအဖွဲ့တွေဟာ ပြည်သူတွေကို ကူညီ ပေးနေကြတာဖြစ်လို့ ဒီအဖွဲ့တွေရပ်တန့်သွားရင်​ အထူးသဖြင့် တိုက်ပွဲကာလမှာ အရေးပေါ်လူနာတွေ သယ်ယူပို့ဆောင်ဖို့ အခက်အခဲ အများကြီး ရှိလာနိုင်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ဒေသခံတယောက်က “ပြောရမယ်ဆိုယင် စက်သုံးဆီလုပ်စားနေကြတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက လူမှုကူညီရေးအသင်းတွေ ဆက်လက်လည်ပတ်နိုငအောင် တတ်နိုင်တဲ့ဘက်က ပူးပေါင်းကူညီမှုတွေ လုပ်ဆောင်ပေးဖို့လိုတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် အေအေတို့ တိုက်ပွဲ စတင်ခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်ကစပြီး စစ်ကောင်စီက ရခိုင်တပြည်နယ်လုံးရဲ့ အဝင်အထွက် လမ်းတွေကို ပိတ်ဆို့လိုက်ပြီး စားသောက်ကုန်၊ ဆေးဝါးနဲ့ စက်သုံးဆီတွေ ပြတ်လပ်လာတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013