DVB Logo
Home
မြန်မာသတင်း
ပင်လောင်းမြို့နယ်တွင် စက်သုံးဆီပြတ်လပ်
DVB
·
December 3, 2023
ပင်လောင်းမြို့နယ်တွင် စက်သုံးဆီပြတ်လပ်
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်မှာ စက်သုံးဆီတွေပြတ်လပ်နေပြီး အစစအရာရာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၂၀ ရက်နေ့ကစလို့ ဓာတ်ဆီ တလီတာကို ကျပ် ၅,၀၀၀ ကျော် ပေးဝယ်ယူရပြီး နိုဝင်ဘာ ၂၇ ရက်နေ့ နောက်ပိုင်းမှာတော့ စက်သုံးဆီ လုံးဝပြတ်လပ်သွားခဲ့တယ်လို ဆိုပါတယ်။

ပင်လောင်းမြို့ခံတယောက်က “ဆီတွေ လုံးဝ ဝယ်မရဘူး၊ ကျနော်တို့ရွာမှာဆို တလီတာ တဗူးကိုကျပ် ၉,၀၀၀ ပေးရတယ်၊ အရင်ကဆို အကန့်အသတ်နဲ့ ရောင်းပေးသေးတယ်။ အခုနောက်ပိုင်း ဘယ်ဆိုင်မှ မဖွင့်တော့ဘူး” လို့ ပြောပါတယ်။

စက်သုံးဆီ ရှားပါးပြတ်လပ်တာကြောင့် ကုန်စည်ကူးသန်းရောင်းဝယ်ရေးနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေ  လည်ပတ်လုပ်ကိုင်နိုင်ဖို့ အခက်အခဲရင်ဆိုင်နေရပြီး စားသောက်ကုန် ဈေးနှုန်းတွေလည်း မြင့်တက်လာတယ်လို့ သိရပါတယ်။

စက်သုံးဆီအရောင်းဆိုင် တာဝန်ရှိသူတယောက်က “ဆီတွေက တခါမှာရင် တခါတလေ ၁၅ ရက်ကြာမှ ရောက်တယ်။ တခါတခါ ၁ လလောက် စောင့်ရတယ်။ ဒီဘက်မှာ တိုက်ပွဲတွေလည်း ဖြစ်နေကြတော့ ဆီကားတွေ အန္တရာယ်များတယ်။ ပြီးတော့ လမ်းမှာ စစ်ဆေးတာတွေကျပ်တော့

ဆီတွေ လိုသလောက်မရဘဲဖြစ်နေတာ” လို့ ပြောပါတယ်။

ပင်လောင်းမြို့တောင်ဘက် ကရင်နီ(ကယား)နဲ့ထိစပ်နေတဲ့ မိုးဗြဲ၊ ဖယ်ခုံမြိုနယ်တို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်ပေါင်းစုတွေကြား တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက် စက်သုံးဆီတွေ ပြတ်လပ်လာတာပါ။

ပင်လောင်းမြို့ခံတယောက်ကလည်း စက်သုံးဆီပြတ်တာ ၂ ပတ်လောက်ကြာပြီဖြစ်ပြီး ပင်လောင်းမြို့စွန်ရွာတွေမှာ လျှပ်စစ်မီးမရတာလည်းကြာပြီလို့ ပြောပါတယ်။

စက်သုံးဆီတွေအပြင် စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်းနဲ့ ဆေးဝါးတွေလည်း ဈေးနှုန်းမြင့်တက်နေပြီး ဝယ်ယူရခက်ခဲလာတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013