DVB Logo
Home
မြန်မာသတင်း
အိမ်သုံးမီတာများ အသစ်ပြန်လျှောက်ရာတွင် ယခင်ထက် နှစ်ဆပေးရ
DVB
·
December 2, 2023
အိမ်သုံးမီတာများ အသစ်ပြန်လျှောက်ရာတွင် ယခင်ထက် နှစ်ဆပေးရ
Donate to DVB

ရန်ကုန်မှာ အိမ်သုံးမီတာတွေ အသစ်ပြန်လည်လျှောက်ထားရာမှာ အရင်က ၁၂၀,၀၀၀ သာ ပေးရပေမဲ့ အခုအခါ ကုန်ကျစရိတ် ၂ သိန်းခွဲအထိရှိပြီး ၂ ဆနီးပါးတက်သွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်မှာ အိမ်သုံးမီတာအသစ် ပြန်လည်လျှောက်ထားရာမှာ ကုန်ကျစရိတ် စုစုပေါင်း ၂ သိန်းခွဲအထိ ရှိတယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

"အာဏာမသိမ်းခင်က မီတာလျှောက်ရင် ၁ သိန်းကျော်ပဲကျတယ်၊ မီတာလျှောက်တဲ့ဖောင်က ၁ ထောင်ပဲပေးရတာ။ အခုဆို လျှောက်တဲ့ဖောင်တောင် ၁ သောင်းဖြစ်သွားပြီ။ အရင်က အိမ်သုံးမီတာက ၈ သောင်းခွဲ အခု ၁ သိန်းခွဲ၊ မီတာပုံးခွံက ၁ သောင်းခွဲ၊ အခု ၄ သောင်း မီးလာတဲ့အထိဆို ၄ သိန်းခွဲလောက်ကုန်တယ်။" 

အိမ်သုံးမီတာလျှောက်ထားရာမှာ သတ်မှတ်ကြေးနှုန်းထားတွေကို ဒီဇင်ဘာ ၁ ရက်မှစတင်ကာ ကျပ် ၂၅၀,၀၀၀ အထိ တိုးမြှင့်ကောက်သွားမယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတယ်လို့ လျှပ်စစ်ရုံး ဦးစီးအရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။

"အကြောင်းကြားစာဝင်တဲ့ ရုံးတွေလည်းရှိတယ်။ စာမဝင်သေးတဲ့ ရုံးတွေလည်းရှိတယ်။ အကြောင်းကြားစာရတဲ့ မြို့နယ်တွေမှာ အဲ့ဒီအတိုင်းကောက်နေပြီ။" 

ပြင်ဆင်သတ်မှတ်လိုက်တဲ့ အိမ်သုံးမီတာနှုန်းထားမှာ အိမ်သုံးမီတာသတ်မှတ်ကြေး ၁၅၀,၀၀၀ ကျပ်၊ မီတာပုံးခွံ (Tran Box) ၄၀,၀၀၀ ကျပ်၊ Breaker ၁၀,၀၀၀ ကျပ်၊ အခြားကုန်ကျစရိတ် ၅၀,၀၀၀ ကျပ်၊ အာမခံစပေါ်ငွေ ၁၅,၀၀၀ ကျပ်၊ ကြိုးသွယ်ခ ၁၀,၀၀၀ ကျပ်၊ မီးဆက်ခ ၅,၀၀၀ ကျပ်၊ ကြီးကြပ်ခ ၅,၀၀၀ ကျပ်နဲ့ မီတာလျှောက်လွှာမှတ်ပုံတင်ကြေး ၁၀,၀၀၀ ကျပ် စုစုပေါင်း ၂၅၀,၀၀၀ ကျပ် ကုန်ကျမှာဖြစ်ပါတယ်။

အရင်က အိမ်သုံးမီတာသတ်မှတ်ကြေးနှုန်းမှာ အိမ်သုံးမီတာ သတ်မှတ်ကြေး ၈၅,၀၀၀ ကျပ်၊ မီတာပုံးခွံ (Tran Box) ၁၇,၀၀၀ ကျပ်၊ Breaker ၈,၀၀၀ ကျပ်၊ အခြားကုန်ကျစရိတ် ၁၀,၀၀၀ ကျပ်၊ အာမခံစပေါ်ငွေ ၄,၀၀၀ ကျပ်၊ ကြိုးသွယ်ခ ၂,၀၀၀ ကျပ်၊ မီးဆက်ခ ၂,၀၀၀ ကျပ်၊ ကြီးကြပ်ခ ၁,၀၀၀ ကျပ်နဲ့ မီတာလျှောက်လွှာမှတ်ပုံတင်ကြေး ၁,၀၀၀ ကျပ် စုစုပေါင်း ၁၂၀,၀၀၀ သာ ကုန်ကျတာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် အိမ်သုံးမီတာလျှောက်ထားရာမှာ မီတာသတ်မှတ်ကြေး ၆၅,၀၀၀ ကျပ်၊ မီတာပုံးခွံ (Tran Box) ၁၅,၀၀၀ကျပ်၊ အာမခံစပေါ်ငွေ ၄,၀၀၀ ကျပ်၊ ကြိုးသွယ်ခ ၂,၀၀၀ကျပ်၊ မီးဆက်ခ ၂,၀၀၀ ကျပ်၊ ကြီးကြပ်ခ ၁,၀၀၀ ကျပ်နဲ့ မှတ်ပုံတင်ကြေး ၁,၀၀၀ စုစုပေါင်း ၉၀,၀၀၀ ကျပ်သာ ကုန်ကျတယ်လို့ မီတာလျှောက်ထားသူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013